ခုကစပြီးပြောင်းလဲပါလူငယ်

အောင်မြင်သူတွေဟာ…

၁။ ဖြတ်လမ်းကို…မယုံကြည်ဘူး..တစိုက်မတ်မတ်ကြိုးစားခြင်းကိုပဲယုံကြည်တယ်.

၂။ ကယ်တင်ရှင်ကို.မစောင့်စားဘူး..ကိုယ်သာလျှင်..အားကိုးရာလို့..ခံယူတယ်

၃။ အပြောနဲ့အချိန်မကုန်ပါဘူး..လက်တွေ့လုပ်ရတာကိုပဲကြိုက်ပါတယ်

၄။ အတိတ်ကို..စိတ်မဝင်စားဘူး…ပစ္စုပ္ပန်ကိုပဲ..အသုံးချတတ်တယ်..

၅။ ပြသနာကိုမကြောက်ဘူး..ဖြေရှင်းနည်းကိုပဲ….ရှာဖွေတယ်

၆။ အချိန်ဖြုန်းတာကိုမုန်းတယ်..အချိန်ဟာ..ငွေလို့ခံယူတတ်တယ်..

၇။ အခက်ခဲတွေ့ရင်ပျော်တယ်..စိန်ခေါ်မူလို့..သတ်မှတ်တယ်

၈။ မနာလိုမူထက်..ယှဉ်ပြိုင်လိုမူ..ကို.လိုလားသူတွေဖြစ်တယ်

၉။ ပြိုင်ဖက်ကိုတွန်းချဖို့ထက်..ကိုယ့်ကိုကိုယ်..တည်ဆောက်ဖို့သာ..အချိန်ပေးတယ်

၁၀။ အသစ်သစ်တွေကို..ရှာဖွေရတာ..ရင်ခုန်တတ်ကြသူတွေဖြစ်တယ်..

ဒါတွေဟာ ..အောင်မြင်သူတို့ရဲ့..လက္ခဏာတချို့ဖြစ်ပါတယ် ဒါတွေအားလုံးကို..ပြောင်းပြန်လုပ်တတ်သူတွေဟာ..ကျရူံးသူတွေပါပဲ.. အောင်မြင်သူတွေရဲ့..အောင်မြင်ပြီးရင်အောင်မြင်လာတဲ့အဓိကအချက်ကတော့.ဘယ်တော့မှ..ရပ်တန့်မနေတာပါပဲ.. သူတို့မသိသေးတဲ့..အရာတွေကို..စူးစမ်းလေ့လာနေတတ်ခြင်းဟာ..အောင်မြင်သူတွေရဲ့လျိူ့ဝှက်ချက်ဖြစ်တယ် အရေးကြီးဆုံးနောက်တစ်ခုက …သိန်းသောင်းချီရှာနိုင်မှ..နာမည်တွေဟိုးလေးတကျော်ကြီးလာမှ..အောင်မြင်မူ လို့သတ်မှတ်ရမှာမဟုတ်ပါဘူး အကျိုးရှိတဲ့စာအုပ်တစ်အုပ်ဖတ်လို့ပြီးသွားတာ.မနေ့ကထက်..ငွေ ၁၀၀၀ ပိုဝင်အောင်ရှာနိုင်တာ.. Facebook နဲ့ Game ကို အချိန်အတိကျနဲ့သုံးဖြစ်သွားတာ ဒါမျိုးလေးတွေဟာလဲ..အောင်မြင်မူပါပဲ..၁နှစ်သားကလေးအတွက်…လမ်းစလျှောက်တတ်ခြင်းဟာ..အကြီးမားဆုံးအောင်မြင်မူဖြစ်သလို.. ကိုယ့်အတွက်လဲ..အရင်ကမလုပ်နိုင်ခဲ့တဲ့..သေးသေးလေးတွေကို စပြီးပြီးမြောက်အောင်လုပ်လာနိုင်ခြင်းဟာ.အောင်မြင်မူပါပဲ ဒီလိုသေးသေးလေးတွေ..ကို.အောင်မြင်လာတဲ့အခါ..အကြီးကြီးတွေကိုအောင်မြင်အောင်လုပ်ဖို့..လွယ်ကူလာ ပါလိမ့်မယ်..မယုံရင်စမ်းကြည့်ပါ..ကျနော့်ကိုယ်တွေ့ပါ.. .ကျနော်ဟာ..နေ့တိုင်းအောင်မြင်နေသူတစ်ယောက်ပါ.. ကျနော့်လူငယ်တွေကိုလဲ..နေ့တိုင်းအောင်မြင်နေသူတွေဖြစ်စေချင်ပါတယ်..ဒါ့ကြောင့်ကြိုးစားကြပါ

Nyan Lin Aung (Unlockyour futures)