စိတ်ကူးတွေပေါင်းစပ်ပြီးကြိုးစားသွားရင်ဘာမဆိုဖြစ်လာမှာပါ

ကမ်ဘာ့ အချမ်းသာဆုံး စာရင်း၀င် TESLA , Paypal နဲ့ SpaceX ကိုတည်ထောင်ထားတဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင် Elon Musk အကြောင်းကိုပြောပြချင်ပါတယ်။ လူတွေမှာ ရည်မှန်းချက်ကိုယ်စီရှိကြပါတယ် တစ်ချို့ကလဲ ဖြစ်နိုင်ဖို့ခက်ခဲတဲ့အရာတွေကိုပဲရည်ရွယ်ချက်ကြီးကြီးနဲ့အောင်မြင်လုပ်ချင်ကြပါတယ် ၊ အဲဒီအထဲမွာ တောင်အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား Elon Musk တစယောက်အပါ၀င်ပါပဲ ။ သူကို့ ဇြန္လ ၂၈ ရက်နေ့ ၁၉၇၁ ခုနှစ် တောင်အာဖရိကမှာမွေးဖွားခဲ့ပါတယ် သူအသက်၁၀ နှစ်သားအရွယ်မှာ သူ့ရဲ့ မိခင်နဲ့ ဖခင်ဟာလမ်းခွဲခဲ့ကြပါတယ်၊ ဘ၀ကို မဆုတ်မနစ်ကြိုးစားရင်း သူဟာ အသက်နှစ်ဆယ်အရွယ်မှာပဲ မီလျံနာဖြစ်လာခဲ့ပါတယ်။ သူဟာငယ်ငယ်ကတည်းက ထက်မြတ်တဲ့လူငယ်ဖြစ်ပြီးတော့ စာတအားဖတ်ပါတယ်။ ငယ်ငယ်တုန်းကဆို သူဟာအမှောင်ကြောက်တတ်ပြီး ညတိုင်ဆိုကြယ်တွေကို ငေးကြည့်နေတတ်ပါတယ်။ ပြီးတော့ အဲဒီနေရာတွေကိုသွားဖို့ စိတ်ကူးရှိခဲ့ပါတယ်။ အသက်၁၇ နှစ်အရွယ်မှာလူတိုင်း စစ်မှု့ထမ်းဆောင်ဖို့ တောင်အာဖရိကမှာ သတ်မှတ်လိုက်တာနဲ့ စစ်မှု့ထမ်းဆောင်မှု့မှကင်းလွတ်ဖို့ ကနေဒါကိုရွှေ့ပြောင်းနေထိုင်ရင်း Queens University မွာ ကျောင်းတက်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ အမေရိကကို ရွှေ့ပြောင်းထိုင်ပါတယ် the University of Pennsylvania မွာ ပညာသင်ယူခဲ့ပါတယ် နောက်တော့ Stanford University in California မွာ PhD ဘွဲ့ကိုရယူနိုင်ခဲ့ပါတယ်။ သူဟာ စီးပွားရေးလမ်းညွှန်စာအုပ်တွေကိုကြည့်ပြီး ဘာလုပ်ဖို့စဉ်းစားလဲဆိုရင် စာအုပ်တွေဟာကြီးပြီးသယ်ဆောင်ရတာခက်ခဲတဲ့အတွက် အွန်းလိုင်း စီးပွားရေးလမ်းညွှန်လုပ်ဖို့စဉ်းစားခဲ့ပါတယ်အဲဒီအချိန်မှာ သူဟာ zip 2.com ကိုတည်ထောင်ခဲ့ပါတယ် အောင်မြင်ပါတယ် Newyork Time တို့ Chicago Tribune တို့ကတောင်သူတို့လုပ်ငန်းတွေအတွက် ၀င်ရောက်ကြော်ငြာခဲ့ကြပါတယ် ။ Compaq Computer Corporation ကေန zip2 website ကို အမေရိကန်ဒေါ်လာ သန်း ၃၀၇ သန်းနဲ့ ၀ယ်ယူလိုက်တဲ့အတွက်သူဟာ အသက်၂၀ မွာပဲ မီလျံနာဖြစ်လာခဲ့ပါတော့တယ် ။ သူဟာ သဌေးတစ်ယောက်ဖြစ်လာပေမယ့် သူ့ရဲ့ ကြိုးစားအားထုတ်မှု့တွေကို မရပ်တန့်ပဲ ဆက်လက်ကြိုးစားခဲ့ပါတယ် ။ သူဟာတစ်ယောက်နဲ့ ငွေပေးချေတာပဲဖြစ်ဖြစ် အွန်လိုင်းနဲ့ဈေး၀ယ်တာပဲဖြစ်ဖြစ် သိပ်အဆင်ပြေသေးတာကိုတွေ့ပြီး ၁၉၉၉ ခုနှစ်မှာ online ငွေပေးချေလို့ရတဲ့ x.com ကိုတည်ထောင်ခဲ့ပါတယ် အခုဆိုရင်တော့ paypal.com ပြောင်းလဲထားပြီး တစ်ကမ်ဘာလုံး သုံးစွဲနေကြပါပြီ ebay နဲ့ ပေါင်းလိုက်ပြီး ၁.၅ ဘီလီလျံလောက်ထိရရှိခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ Spacex လို့ခေါ်တဲ့ ကုမ္ပဏီကိုထူတောင်ခဲ့ပါတယ် ဒါဟာပထမဆုံးသော ကိုယ်ပိုင် ဂြိုလ်ထု လွှတ်တင်နိုင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုပါပဲ ။ ဒီကုမ္ပဏီကိုထူထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ အာကာဿ နဲ့ ဂြိုလ်ပေါ်တွေကို လူသားတွေသွားရောက်လည်ပတ်နိုင်ဖို့နဲ့ တခြားသောရည်ရွယ်ချက်တွေကြောင့်ပါပဲ Rocket တွေကို ၄ ကြိမ်တိုင်တိုင်အာကာသထဲလွှတ်တင်နိုင်ဖို့ ကြိုးစားခဲ့ပေမယ် ၃ ကြိမ်ကျရှုံးခဲ့ပြီး ကုမ္ပဏီဒေဝါလီခံလောက်နီးပါးကိုဖြစ်သွားပါတယ် လက်မလျှော့ပဲ ၄ ကြိမ်မြောက်ဆက်လက်ကြိုးစားတော့မှပဲ နောက်ဆုံးအကြိမ်အောင်မြင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ NASA ကနေပြီးတော့ သယ်ယူလိုတဲ့ ပစ္စည်းတွေကိုအာကာသ စခန်းတွေကိုပို့ပေးတဲ့ ၀န်ဆောင်မှု့ပေးဖို့အတွက် စာချုပ်ချုပ်နိုင်ခဲ့တဲ့အတွက်ဘီလီယံပေါင်းများစွာသောငွေတွေရရှိခဲ့ပါတယ်။ ဒါနဲ့တင်ရပ်တန့်မသွားသေးပဲ ဘတၳရီကနဲ့သွားလို့ရတဲ့ ကားတွေထုတ်လုပ် တဲ့ TESLA လို့ခေါ်တဲ့ ကုမ္ပဏီကိုတည်ထောင်နိုင်ခဲ့ ပါတယ် အစပိုင်းတော့ တော်တော်ကိုခက်ခဲခဲ့ပေမယ့် နောက်ပိုင်းမှာ တော့ Toyota တို့လိုကုမ္ပဏီကြီးတွေနဲ့ပေါင်းပြီး solar energy car တွေကိုထုတ်လုပ်နေပါပြီ။ အခုဆိုရင်သူဟာ ၄၇ နှစ်ပဲရှိသေးပြီး ကမ်ဘာ့ အချမ်းသာဆုံး စာရင်း၀င်သူဌေးကြီး တစ်ယောက်ဖြစ်နေပါပြီ။ Musk foundation ကိုထူထောင်ထားပြီး အာကာသနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ အတွက်အကူအညီလိုတယ်ဆိုရင် အကူအညီပေးနေပါတယ်။ အဲဒီတော့မဆုတ်မနစ်တဲ့ဇွဲတွေနဲ့ ကောင်းမွန်တဲ့ စိတ်ကူးတွေပေါင်းစပ်ပြီးကြိုစားသွားရင်ဘာမဆိုဖြစ်လာမှာပါ။Nyan Lin Aung Professional Business Coach