တောင်းခံသူလား….ပေးဝေသူလား

ကျနော့် အမျိုးသမီးကို ကျနော်..အားကျတယ်.. သူ့မှာ..အားကိုးရမယ့်..လင်ယောက်ျားရှိတယ် ကျနော့်..သားလေးကို..ကျနော်..အားကျတယ်. သူ့မှာ…သူပူဆာသမျှ ဖြည့်ဆည်းပေးမယ့်..အဖေရှိတယ် ကျနော့်ရဲ့ နှစ်ဖက်မိဘကို..ကျနော်..အားကျတယ်.. သူ့တို့မှာ…နောင်ရေး..ရင်အေးအောင်..ထောက်ပံ့ပေးမဲ့သား /သမက်…ရှိတယ် ကျနော့်ညီကို..ကျနော် ..အားကျတယ်. သူ့မှာ ..ရှေ့ဆောင်လမ်းပြပေးမယ့်..အကိုရှိတယ် ကျနော့်..ဝန်ထမ်းတွေကို.ကျနော်.အားကျတယ်.. သူတို့မှာ..လစာပုံမှန်ပေးနိုင်မယ့်..အလုပ်ရှင်ရှိတယ် ဒါပေမယ့်…. ဒီလောကကြီးမှာ ကျနော်အားအကျဆုံး..လူသားက..ကျနော်ပါပဲ လင်သားတစ်ယောက် ..ဖခင်တစ်ယောက် သားတစ်ယောက် အကိုတစ်ယောက် အလုပ်ရှင်တစ်ယောက် အနေနဲ့….တာဝန်ကျေအောင်ကြိုးစားနေတဲ့ ကျနော့်ကိုယ် ကျနော်သာအားအကျဆုံးပါ တောင်းခံနေရတာထက်..ပေးဝေနေရတဲ့..နေရာကို..ကျနော်..ပိုလိုလားတယ် လက်ဖြန့်တောင်းရတဲ့ဘဝထက်..လက်ဆန့်ပေးဝေနိုင်တဲ့..ဘဝကို .ပိုလိုလားတယ် မှီခိုရတာထက်..အားကိုးခံရမူကို..ပိုလိုချင်တယ် ကျနော့်..လူငယ်တွေရော..ဘယ်နေရာမှာရှိနေမလဲ ဘယ်နေရာကို..ရွေးချယ်ချင်လဲ တောင်းခံသူလား…ပေးဝေသူလား ပြောခဲ့ပေးပါ

ခင်မင်လေးစားစွာဖြင့် ဥာဏ်လင်းအောင်