ရောက်တဲ့နေ ရာမှာရပ်မနေပါနဲ့

”ကျွန်”..ဆိုတဲ့…အသုံးနူန်းကို မကြိုက်လို့”ကျွန်တော်” ဆိုတဲ့..စကားလုံးကိုတောင်..မသုံးပဲ..”ကျနော်” ဆိုတဲ့ စကားလုံးကို တမင်ပဲသုံးခဲ့တာပါ ကျနော့်ကို..ကျွန်ပြုတာမကြိုက်သလို သူများကို..ကျွန်ပြုဖို့လဲစိတ်မဝင်စားပါ အိမ်အလုပ်လုပ်ပေးတဲ့သူကိုတောင်ကျနော်တို့အိမ်မှာ ”အိမ်ဖော်” ”အိမ်အကူ” လို့မသုံးပါဘူး တူမ..ညမ..လို့ပဲ မိတ်ဆက်ပေးဖြစ်တယ်ဒါမှမဟုတ်..အိမ်နေ ဝန်ထမ်းလို့ပဲသုံးနူန်းပါတယ် လူတိုင်းမှာ..သူ့တန်ဖိုးနဲ့သူရှိတယ်သူ့ဂုဏ်သိက္ခာနဲ့သူရှိတယ် လူလူခြင်းနှိမ်ရင်..နှိပ်ကွပ်လွန်းရင်..ကျနော်တော့မကြိုက်ဘူး ဒါ့ကြောင့်ကျနော့်မှာ..သန်းကြွယ်သူဌေး မိတ်ဆွေ ရှိသလို ပန်းရံ..လက်သမား..မိတ်ဆွေ လဲရှိတယ် သန်းကြွယ် မိတ်ဆွေကို ကိုယ်ကနှိမ့်ချပြီးမပေါင်းသလို လက်သမားမိတ်ဆွေကိုလဲ အထက်စီးဆန်ဆန်မဆက်ဆံဖူးပါဘူး ဒါပေမဲ့..ဒီအလွှာ ၂ခုလုံးကို ထိတွေ့ခွင့်ရတဲ့ ကျနော့်အတွက်.. သူတို့ကြားက ကွာဟမူကြီးကိုတော့ကွက်ကွက်ကွင်းကွင်းတွေ့မိတယ် အဲ့တာကတော့..စဥ်ဆက်မပြတ်လေ့လာသင်ယူမူပဲ ကံကောင်းလို့ချမ်းသာနေသူ သို့မဟုတ် မူမမှန်တဲ့နည်းလမ်းနဲ့ ချမ်းသာနေသူကလွဲလို့ .ကြိုးစားနေတဲ့ သူဌေးအများစု သို့မဟုတ် သာမန်ဘဝကနေတိုးတက်လာသူအများစုဟာ သူတို့ကျွမ်းကျင်ရာ..နယ်ပယ်တစ်ခုအတွက်..တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်နေဖို့ အမြဲ မျက်စိဖွင့်နားဖွင့်ရှိတယ် သင်ယူဖို့.. ဝန်မလေးသလို ပြန်လဲအသုံးချကြတယ် မှားသွားမှာစိုးတာထက်..မလုပ်ကြည့်လိုက်ရမှာကို..ပိုစိုးရိမ်ကြတယ် မှားသွားရင်လဲရေစုန်မမြောပဲ..ပြန်ရုန်းထွက်ကြတယ် ဒါတွေဟာ..ကြားဖူးနေကြ..မို့..မထူးဆန်းသလိုဖြစ်ချင်ဖြစ်လိမ့်မယ် ဒါပေမဲ့..တိုးတက်ချင်သူတိုင်း..တိုးတက်နေသူတိုင်းမှာ..ဒီအချက်တွေရှိကြတာသေချာတယ် ဒါကြောင့်..လူငယ်တွေကို..ကျနော်ပြောချင်တာက.တစ်ခုခုကြောင့်တော့..ရောက်တဲ့အရပ်မှာ..ရပ်မနေပါနဲ့ ဆင်ခြေတွေနဲ့ပျော်မနေပါနဲ့ နိုင်ငံရေးကြောင့်..ကပ်ဘေးကြောင့်လို့..ကိုယ်က..ဆင်ခြေတွေပေးနေတဲ့အချိန်မှာ. .တချို့အိပ်ချိန်တောင်မရပဲ..အသားကုန်ကြိုးစားနေကြတယ်ဆိုတာမမေ့ပါနဲ့ ရေနစ်နေသူတစ်ယောက်လို နောက်ဆုံးအချိန်ထိ ရှင်သန်ဖို့ ကြိုးစားရမယ် ကျနော့်ဘက်လဲ..လူငယ်တွေ မျက်စိပွင့် နားပွင့်ဖြစ်ဖို့တတ်နိုင်သလောက်ကူညီပေးနေပါတယ် ဒါပေမဲ့ ကျနော့်ဆီက ဘာပဲရရ လူငယ်ကပြန်အသုံးမချရင်လဲအလကားပါပဲ ဒါကြောင့်..တိုးတက်ချင်တယ်..အောင်မြင်ချင်တယ်လို့..ပြောနေရုံနဲ့ရပ်မနေပဲ…သင်ယူပါလေ့လာပါ..ပြန်အသုံးချပါ ရပ်နေတာထက်စာရင် တစ်နေရာရာတော့ရောက်ပါလိမ့်မယ် ကျနော့်ရဲ့..တတ်နိုင်သလောက်ပေး သင်တန်းတွေကတော့..လူငယ်ဘဝအတွက် ပိတ်နေတဲ့ အရာတချို့ကိုဖွင့်ပေးနိုင်မယ်လို့အာမခံတယ် စိတ်ဝင်စားရင်လာ joinပါ..လူငယ်ထောင်ပေါင်းများစွာ..သင်ယူနေကြပြီဆိုတာလဲမမေ့ပါနဲ့..မကျန်ခဲ့ပါစေနဲ့ Join ချင်ရင် comment မှာ “Join ”လို့သာရေးခဲ့ပါခင်ဗျာ ဖုန်းဆက်မေးချင်လဲမေးပါ (ကျနော့်ဖုန်းမဟုတ်ပါ)09-951 333 414