လူဖြစ်လာရင် လူသားတစ်ယောက် ရဲ့ တာ၀န်ကျေရပါတယ်

သေရင်ကိုယ့်နောက် ဘာမှမပါဘူးဆိုရင်မသေခင်မှာရော..ဘာမှမပါပဲ..နေလို့ရလား.. ပျင်းတာကို..တရားနဲ့ရောမချပါနဲ့ …လူငယ်ဘုရားသားတော်အဖြစ်ခံယူပြီး..သံသရာက တကယ်ထွက်အောင်..အားထုတ်နိုင်ရင်ထုတ် မထုတ်နိုင်ရင်တော့..တာဝန်ယူပါ သေရင်ကိုယ့်နောက်မပါဘူးဆိုပြီး..ထိုင်နေတာဟာ ကိုယ်အနေချောင်ဖို့..ဘုရားရဲ့…တရားကို..အသုံးချတာပါ တရားရှိတာနဲ့..ပျင်းတာ…ဟာ..ဘယ်လိုမှ..မအပ်စပ်ပါ လူဖြစ်လာရင်..လူသားတစ်ယောက်ရဲ့တာဝန်ကျေရပါတယ် ခွေးဆိုရင်တော့..အိပ်..စား..ကာမ..၃ခု တာဝန်ကျေရင်ရပီပေါ့ လူပီသဖို့..တာဝန်ကျေဖို့..လိုတယ် ဒါကြောင့်..အခုထ..အလုပ်လုပ်တော့..လူငယ် လူပီသပါစေစကားတွေကြမ်းသွားရင်ခွင့်လွှတ်ပါ ချစ်လို့ပြောတယ်မှတ်ပါ