အသေးစားအလတ်စားလုပ်ငန်းတွေ ဘာလို့ ၅ နှစ် မှ ၁၀ နှစ်အတွင်း ပျောက်ကွယ်သွားတာလဲ။

#အေသးစား အလတ်စား လုပ်ငန်းတွေဘာလို့ ၅ နှစ် မြ ၁၀ နှစ်အတွင်းပျောက်ကွယ်သွားလဲ? မြန်မာနိုင်ငံမှာလူတော်တော်များမျာဟာကိုယ်ပိုင်စီးပွားရေးတွေလုပ်နေကြပါတယ်၊သူများအလုပ်လုပ်တာထက်စာရင်ကိုယ်ပိုင်လုပ်ငန်းကပိုတွက်ချေကိုက်တယ်လို့ထင်ကြလို့ပါပဲ ဒါပေမယ့် တော်တော်များများဟာ ၅ နှစ် နဲ့ ၁၀ နှစ်အတွင်းမှာ အပြီးအပိုင်ပျောက်ကွယ်သွားကြပါတယ်။ ပျောက်ကွယ်သွားတဲ့အချက်တွေကအများကြီးရှိပါတယ်။ ကျွန်တော်Coach လုပ်ပေးဖူးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ခင်များရဲ့ လုပ်ငန်းကို နောက် ၅ နှစ်နေရင်ဘယ်လိုမြင်ချင်လဲလို့ မေးလိုက်တဲ့ အခါတော်တော်များများ ကမစဉ်းရသေးဘူးလို့ပြောကြတယ်။ဒါမှားယွင်းတဲ့အကြောင်းတစ်ချက်လို့ပဲမြင်မိပါတယ် စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် ၁ ရက် ၊ ၁ လ ၊ ၆ လ ၊ ၁ နှစ် ၊ ၅ နှစ် ၊ ၁၀ နှစ်စာ အစီအစဉ်တွေဆွဲထားသင့်ပါတယ်၊ ငါ့စီးပွားရေး ဟာ နောက်နှစ်ဆိုရင် ဘယ်နေရာရောက်ရမယ် ငွေဘယ်လောက်၀င်ရမယ် ဆိုတာကိုကြိုပြီး plan တွေဆွဲထားဖို့လိုပါတယ်၊ ကုပ္မဏီတစ်ခုမှာ အဲကွန်းပြင်တ့ဲ ပညာရှင်ဟာ အဲဒီအလုပ်မှာကြာလာရင် အဲကွန်းပြင်ဆိုင်လေးဖွှင့်တက်ကြပါ တယ်။ ဒါဟာသိပ်ကောင်းတဲ့ အစီအစဉ်ပါပဲ ဒါပေမယ့်သူဟာ ပြုပြင်ရေးတစ်ခုထဲကိုသာ အာရုံစိုက်လုပ်ဆောင်နေမယ်ဆိုရင် အဆင်မပြေနိုင်ပါဘူး တခြားဗဟုသုတတွေရှိဖို့လိုပါတယ် ဒါမြသာ ရည်ရှည်ရပ်တည်နိုင်မှာပါ။ ခေါင်းဆောင်မှု့အတက်ပညာ ၊ ငွေရေးကြေးရေး အသိပညာ၊ ဧည့်၀န်ဆောင်မှု့ အတက္ပညာ၊ ၀န်ထမ်းရေးရာထိန်းသိမ်းမှု့အတက်ပညာ ၊ စီးမံမှု့အတက်ပညာတွေကိုသိထားမှကိုဖြစ်မှာပါ၊ ဒါတွေကိုသိမထား ရင်တော့ စီးပွားရေးဟာရည်ရှည်ဖို့မလွယ်ပါဘူး အောင်မြင်မှု့ဟာလဲခဏပဲ။ အားလုံးကိုကျွမ်းကျင်ထားဖို့မလိုပေမယ့် overview ကြည့်တက်ဖို့တော့လိုပါတယ်။ အေသးစားအလတ္စား လုပ်ငန်းတွေဟာ နှစ်အနည်းငယ်အတွင်းမှာဖျက်သိမ်းသွားရတဲ့အချက်တစ်ချို့ကိုတင်ပြချင်ပါတယ်။၁. အားနည်းသော စီးပွားရေး အစီအစဉ်ရှိချင် း (poor business plan)နောက်၅နှစ်အတွင်း ကိုယ့်စီပွားရေးဟာဘယ်လိုဖြစ်ရမယ် အဲလိုဖြစ်လာဖို့ ဘာတွေအခုကတည်းကစလုပ်ရမယ်၊ ကိုယ့်လုပ်ငန်းရဲ့အားသာချက်ကဘာလဲ၊ အားနည်းချက်ကဘာလဲ၊ အခွှင့်အလမ်း နဲ့ ခြိမ်းခြောက်မ့ှတွေ ကဘာလဲ ဈေးကွက်ကိုဘယ်လိုထိုးဖောက်မလဲဆိုတဲ့အစီအစဉ် ရှိဖို့နဲ့ ကိုယ့် ရဲ့ပြိုင်ဘက်တွေကဘာတွေလုပ်နေလဲ ဆိုတာအားလုံးကို အသေးစိတ်လေ့လာရပါမယ်၊၂. ပြိုင်ဘက်စီးပွားရေးလုပ်ငန်းများကို လက်လျူရှု့ထားခြင်းဖောက်သည်တွေဟာ သူတို့ပေးလိုက်ရတဲငွေနဲ့တန်တဲ့ ပိုကောင်း တဲ့ ၀န်ဆောင်မှု့ ထုတ်ကုန်အသစ်တွေကို အမြဲတမ်းရှာကြပါတယ်၊ ကိုယ့်ရဲ့ပြိုင်ဘက်တွေ ဟာကိုယ့်ထက်ကောင်းတဲ့ ၀န်ဆောင်မှု့ သက်သာသောဈေးနှုံး ထုပ်ကုန်အသစ်တွေကိုရောင်းချ နေမယ်ဆိုရင် သူတို့ဆီ ကိုဖောက်သည်တွေရောက်သွားတော့မှာပါ။ ဖောက်သည်မရှိတဲ့ စီးပွားရေး ဟာမရပ်တည်နိုင်ပါဘူး။၃. နည်းပညာအားနည်းခြင်းရိုးရာ စီးပွားရေးလုပ်တဲ့ နည်းတွေမှာလဲ ကောင်းတဲ့အချက်တွေရှိပါတယ် ဒါပေမယ့် တိုးတက်နေတဲ့နည်းပညာ တွေကို စာရင်းကိုင်လုပ်ငန်းများ နဲ့တခြားသော လုပ်ဆောင်မှု့တွေအတွက် နည်းပညာတွေသုံးနိုင်ဖို့လိုပါတယ်၊အနည်းဆုံး Social media ကိုသုံးပြီးကိုယ့်လုပ်ငန်းကိုကြော်ငြာနိုင်အောာင်တော့ကြိုးစားရပါမယ်။ ၄. ငွေရေးကြေးရေး အစီအစဉ်အားနည်းခြင်းနည်းဆုံးတော့ကိုယ့်လုပ်ငန်းရဲ့ ၀င်ငွေထွက်ငွေ၊ လက်ကျံငွေရှင်းတမ်း ၊ ငွေကြေးလည်ပတ်မှု့ ၊ အရွုံး အမြတ်ရှင်းတမ်း စတာတွေကိုသိထားဖို့လိုပါတယ်၊ မသိရင်တော့ သိပ်မလွယ်ပါဘူး၊ ၅. စီးပွားရေးလုပ်ငန်းတစ်ခုလုံးဟာ ပိုင်ရှင်အပေါ်မှာပဲမှီခိုနေခြင်းစီးပွားရေးလုပ်ငန်းရှင်တော်တော်များပြောတက်ကြပါတယ် ငါ့လုပ်ငန်းက ငါမရှိရင် မျဖစ်ဘူး လို့ ဒါဟာတော် တော်အဆင်မပြေတဲ့ကိစ္စပါပဲ၊ တစ်ချို့လုပ်ငန်းတွေဆို ဆိုင်မှာပိုင်ရှင်ရှိနေရင် အကုန်အဆင်ပြေတယ် ဆိုင်ရှင်မရှိတော့ဘူးဆို အားလုံးကမောက် ကမတွေဖြစ်ကုန်ရော။ အဲဒီတော့ ကိုယ့်အောက် တော်တဲ့လူတွေကိုကောင်းကောင်း training ပေးရပါမယ် လုပ်ပိုင်ခွှင့်ပေးရမယ် ဆုံးဖြတ်ပိုင်းခွှင့်တွေ ပေးပြီးတော့ ဗိုလ်တစ်စုလုပ်ထားဖို့လိုပါလိမ့်မယ်၊ ဒါမှပိုင်ရှင်ကိုယ်တိုင်မရှိတဲ့အချိန်မှာ ဗိုလ်တစ်စု ကလုပ်ငန်းရဲ့အောင်မြင်မှု့ကိုရှေးရှု့ပြီးကြိုးစားသွားပါ။ ၆. အမြတ်အစွန်းတစ်ခုကိုပဲ အာရုံစိုက်ခြင်းအမြတ်အစွန်းကို အာရုံမစိုက်ရဘူး လို့ပြောတာမဟုတ်ပါဘူး လုပ်ငန်းတစ်ခုရပ်တည်နိုင်ဖို့ အမြတ်အစွန်းရဖို့ဟာ အရမ်းရေးကြီးပါတယ် ၊ ဒါပေမယ့် Marketing strategy တစ္ခု အရ မယူခင်အရင်ပေးရပါတယ် သမီးပေးမှသမက်ရတယ်ဆိုတဲ့သဘောပေါ့၊ ကိုယ့်ရ့ဲဖောက်သည်ကို ကိုယ်ဘာအရင်ပေးလို့ရမလဲစဉ်းစားပါ ပြီးမှ အမြတ်အစွန်းရအောင်ယူပါ။ ၇. လုပ်ငန်း ဆက်ခံမဲ့သူမရှိခြင်း။ဒီလုပ်ငန်းကို ငါမလုပ်နိုင်တော့ရင် ၊ တစ်ခြားတစ်လုပ်ပြောင်းလုပ်ရင် နောက်ဆုံးကိုယ်ဆုံးပါးသွားခဲ့ရင်ကိုယ့်နေရာကိုဆက်ခံမဲ့သူ အခုကတည်းကကြိုတင် စဉ်းစားဖို့လိုပါတယ် ဒါမှသာရေရှည်စီးပွားရေကရပ်တည်နိုင်မှာပါ။ Steve Job ဆုံးသွားပေမယ့် Apple ကုပ္မဏီ အခုအချိန်အထိအောင် အချမ်းသာဆုံးလုပ်ငန်းစုတစ်ခုအဖြစ်ရပ်တည်နိုင်ပါတယ်။၈. ရှင်းလင်းတဲ့ပန်းတိုင် လုပ်ဆောင်ရမည့်အချက်များမရှိခြင်း။ စီးပွားရေးလုပ်ငန်းအကြီးကြီးတွေဟာ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းတွေကနေကြီးထွားလာတာဆိုတာမမေ့ပါပဲ ကိုယ့်လုပ်ငန်းအတွက်ပန်းတိုင် အကြီးကြီးတွေချထားပြီး ရောက်အောင်သွားပါ။ ၉ . အမြဲတမ်း ကောင်းတဲ့အချက်တစ်ချက်မရှိခြင်း ။နေရာတစ်ခု မြာ လုပ်ငန်းတစ်ခုအောင်မြင်လာပြီဆိုရင် အဲဒီနေရမှာအပြိုင်စီးပွားရေးတွေအများကြီးပေါ်လာတာဟာဓမ္မတာပါပဲ။ ဥပမာနေရာတစ်ခုမှာ ကွမ်းယာဆိုင်တစ်ဆိုင်ရာင်းကောင်းလာပြီဆို ကွမ်းယာဆိုင်တွေအမြောက်အများပေါ်လာတော့တာပါပဲ အဲဒီတော့ရေရည်ရပ်တည်နိုင်ဖို့ အတွက်ကိုယ့်စီးပွားရေးမှာကောင်းကွက်တစ်ခုရှိဖိုလိုပါတယ်၊ ဈေးနည်းတာ ၊ ပစ္စည်းစုံတာ ၊ ကိုယ့်ရ့ဲထုတ်ကုန် ဒါမှမဟုတ်၀န်ဆောင်ကို သူများတွေနဲ့ မတူအောင်အမြဲတမ်းဆန်းသစ်နေရပါမယ်။ do ရင်တော့ die မြာပါပဲ အဲဒီတော့ differentiate or die လုပ်ဖို့လိုတာပါပဲ။ SP Bakery နားမြာ ကိတ်မုန့်ဆိုင်ဖွှင့်မယ်ဆိုရည်ရှည်ရပ်တည်ဖို့မဖြစ်ဘူးဆိုရင်တော့မှားပါလိမ့်မယ်ဘာလို့လဲဆိုတော့သူဟာပြည့်စုံတဲ့ဆိုင်မဟုတ်တဲ့အတွက် သူမရောင်းတဲ့ မုန့်တွေကိုရောင်းရင်အောင်မြင်နိုင်ပါတယ်၊ ဥပမာကလေးတွေသိပ်ကြိုက်တဲ့ ထုတ္ပLikeComment