အောင်မြင်ဖို့အတွက် လိုက်နာလုပ်ဆောင်သင့်တဲ့အချက် ၁၀ ချက်

Google-company- ရဲ့ Co-Founder နဲ့ CEO ဖြစ်တဲ့ Larry Page ပြောပြသွားတဲ့ အောင်မြင်မှု့အတွက် လိုက်နာရမယ့် အချက် ၁၀ ချက်။ Larry Page ဟာကွန်ပျူတာ သိပ္ပံပညာရှင်လဲဖြစ်၊ အင်တာနက်လုပ်ငန်းမှာစွန့်ဦးတီထွင်သူလဲ ဖြစ်ပါတယ်။ သူဟာ 33.4 Billions ပိုင်ဆိုင်ပြီး ကမ္ဘာ့ ၁၉ ယောက်မြောက်အချမ်းသာဆုံး Billionaire တစ်ဦးဖြစ်ပါတယ်။ နိုင်ငံပေါင်း ၄၀ မှ ၀န်ထမ်းပေါင်း ၅၇၀၀၀ ကျော်ကို ဦးဆောင်နေတဲ့ အာဂလုပ်ငန်ရှင်တစ်ဦးလဲ ဖြစ်ပါတယ်။ သူပြောပြသွားတဲ့ အောင်မြင်ဖို့အတွက် လိုက်နာလုပ်ဆောင်သင့်တဲ့ အချက် ၁၀ ချက်ကို အောက်မှာကြည့်လိုက်ရအောင်ပါ။ ၁ ။ ကြီးမားတဲ့ ပန်းတိုင်များချမှတ်ပါ။ အောင်မြင်ချင်တယ်ဆိုရင် ပန်းတိုင်များချမှတ်ထားပါ ချမှတ်ထားတဲ့ ပန်းတိုင်များကို ရောက်အောင်သွားပါ အနဲဆုံးနောက်၁၀နှစ်နေရင် ငါဘာဖြစ်ရမယ်၊ ဘယ်နယ်ပယ်တွေမှာအောင်မြင်နေရမယ် ဆိုတဲ့ပန်းတိုင်သတ်မှတ်ပါ။ များသောအားဖြင့်လူတွေဟာ ပန်းတိုင်တွေချမှတ်ဖို့မေ့လျော့နေတက်ကြပါတယ်။ ပန်းတိုင်မချက်မှတ်ထားတဲ့လူတွေဟာ အပျော်စီးသဘောစီးကြတဲ့လူတွေနဲ့တူပါတဲ့ စလိုက်စီးတုန်းကလဲ ဒီဆိပ်ကမ်း ပြန်ရောက်လာတော့လဲ ဒီဆိပ်ကမ်းပါပဲ အချိန်တွေ ငွေတွေသာကုန်သွားပေမယ့် ဘယ်မှခရီးမပေါက်လိုက်ပါဘူး။ ၂။ ကျရှုံးမှာကိုမကြောက်ပါနဲ့ ။ ကျရှုံးမှာကိုကြောက်နေတဲ့သူဟာ ဘာကိုမှမလုပ်ချင်တော့ပါဘူး၊ ဘာမှမလုပ်တော့ ဘာမှဖြစ်မလာနိုင်ဘူးဆိုတာအေသအခ်ာပါပဲ။ ဆုံးရှာမှာကိုကြောက်မနေပဲ လုပ်စရာရှိတာတွေကိုလုပ်ပါ လုပ်တဲ့အရာတိုင်းဟာအောင်မြင်မယ်လို့ဘယ်သူမှမပြောနိုင်ပါဘူး ဆုံးရှုံးသွားလဲဖြစ်နိုင်ပါတယ်။ အရေးကြီးတာကတော့ ဆုံးရှုံးမှု့ထဲကနေ ဘာသင်ခန်းစာရလိုက်သလဲ ရလာတဲ့သင်ခန်းစာကို အသုံးချပြီး နောက်တစ်ခါမဆုံးရှုံးအောင်ကြိုးစားသွားရမှာပါ။ ၃။ ဆက်လက်လုပ်ဆောင်စရာများကို စနစ်တကျ မှတတ်သားထားပါ။ လုပ်ငန်းတစ်ခုကြီးလာပြီဆို နောက်ထပ်တိုးချဲ့ လုပ်ဆောင်စရာတွေများလာပါတယ် ဒါကိုတိုးတက်မှု့ရှိတယ်လို့ခေါ်ရမှာပါပဲ။ ရင်းနှီးမြုပ်နှံလိုက်တဲ့အတွက် ရလာတဲ့ အမြတ်ငွေတွေကို တစ်နေရမှာထပ်ပြီးမြုပ်နှံဖို့အစီအစဉ်ဆွဲထားပါ ဒါမှလုပ်ငန်ပေါင်းများစွာကိုပိုင်ဆိုင်တဲ့ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာမှာပါ။ ၄ ။ ရေရှည်အတွက်ကိုပဲ အာရုံစိုက်ပါ။ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ရေရှည်အတွက်ကို အမြဲတမ်းအားရုံစိုက်တက်ကြပါတယ်၊ နှစ်ရှည်စီမံကိန်းတွေကိုချမှတ်ကြပါတယ်။ စင်္ကာပူနိုင်ငံရဲ့ဖခင်ကြီး လီကွမ်ယုဆိုရင် သူဆုံးပါးသွားပေမယ့် သူချမှတ်ထားတဲ့ စီမံကိန်းတွေဟာအခုချိန်အထိ အသက်၀င်နေပါသေးတယ်။ ရေရှည်စီမံကိန်းချပြီး ဒီနေ့မနက်ဖြန်ဘာမှမလုပ်ဘူးဆိုလဲ ဘာမှဖြစ်လာဖို့ မရှိပါဘူး။ ၅။ အကြံညဏ်ကောင်းများရှိပါစေ။ ကိုယ့်လုပ်ငန်းနဲ့ ပတ်သတ်ပြီးအမြဲတမ်း တွေးခေါ်နေပါ စဉ်းစားနေပါ၊ အကြံကောင်ညဏ်ကောင်းရှိတဲ့လူတွေဆီ အကူအညီတောင်းပါ။ ၆။ ကြီးမားတဲ့ ပြဿနာများကို ကိုယ်တိုင်ဖြေရှင်းပါ။ များသောအားဖြင့် လူတော်တော်များများဟာ ပြဿနာတစ်ခုဖြစ်လာရင် စိတ်ညစ်ကြတယ် ရှောင်ဖယ်ချင်ကြတယ်။ အမှန်တော့ ပြဿနာများကို ရင်ဆိုင်ပါဖြေရှင်းပါ ပြီးရင် အဲဒီပြဿနာတွေထဲကနေ ပညာရအောင်ယူပါ။ဖြစ်နိုင်ရင် ပြဿနာသေးသေးလေးတွေကိုတော့ ကိုယ်စားဖြေရှင်းနိုင်မယ့် စိတ်ချရတဲ့လူတစ်ယောက်ရှာထားပါ။ ၇။ စိန်ခေါ်ကို လိုလိုလားလားလက်ခံပါ။ စိန်ခေါ်မှု့မယူတဲ့လူတွေဟာအောင်မြင်မှု့ မရှိနိုင်ပါဘူး။ စိန်ခေါ်မှု့တွေကို ရှောင်လွဲနေတ့ဲသူတွေဟာလဲ ကြီးကြီးမားမား မအောင်မြင်နိုင်ပါဘူး။ မဖြစ်နိုင်လောက်ဖူးဆိုတဲ့ စိန်ခေါ်မှု့တွေကို ယူကြည့်ပါ အဲဒါဟာ တကယ်ဖြစ်လာနိုင်ပါတယ် ။ Google company ဆိုရင် ဘာသာစကားတစ်ခုကနေတစ်ခုကို ဘာသာပြန်လုပ်ပေးနိုင်တဲ့ systemတည်ထွင်ဖို့ ကြိုးစားခဲ့ပါတယ်၊ အားလုံးကတော့မဖြစ်နိုင်ပါဘူးလို့ပဲပြောခဲ့ကြပါတယ်ဒါပေမယ့် ၆ နှစ်ကြာတဲ့အချိန်မှာတော့ ဘာသာစကားပေါင်း ၆၄ ခုအတွက် အဆင်ပြေနေပါပြီ ။ အခုအချိန်မှာတော့ Google Translate ဆိုပြီးနာမည်ကြီးလာပါပြီ။ စိန်ခေါ်မှု့တွေယူတဲ့အချိန်မှာလဲ အောင်မြင်ရမယ်ဆိုတဲ့ အကောင်းမြင်တဲ့စိတ်တစ်ခုရှိဖို့တော့လိုအပ်ပါတယ်။ ၈ ။ အလုပ်တစ်ခု တစ်နေရာထဲမှာဘဲ ငြိမ်မနေပါနဲ့။ အမြဲတမ်းလှုပ်ရှားသွားလာ လေ့လာနေပါ သင်ယူနေပါ၊ ဒီတစ်ခုအောင်မြင်ပြီးဘယ်အရာကို ဆက်လုပ်ရမလဲတွေးနေပါ ဘက်စုံတော်တဲ့လူတစ်ယောက်ဖြစ်လာဖို့ကြိုးစားနေပါ။ ကိုယ့်လုပ်ငန်းကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ပေးနိုင်မယ့် လူတော်လူကောင်းများကိုလဲ အမြဲတမ်းရှာဖွေနေပါ။ ၉။ အမြဲတမ်းပြောင်းလဲဖို့ ကြိုးစားပါ။ ဒီအလုပ်တစ်ခုထဲ ဒီတစ်နေရာထဲမှာပဲ ရပ်မနေပါနဲ့ အမျိုးမျိုးသောအလုပ်တွေလုပ်ကြည့်ပါ။ ပြောင်းလဲမှု့တွေကိုအစဉ်အဆက်မပျက်လေ့လာပါ။ ၁၀။ မိမိရဲ့စိတ်ကူးအိမ်မက်တွေနောက်ကိုလိုက်ပါ။ ကောင်းသောစိတ်ကူးအိပ်မက်တွေကိုမွေးမြူထားပါ အဲဒီနောက်ကိုရအောင်လိုက်ပါ သူများတွေကိုကို အရူးလို့သတ်မှတ်ချင်သတ်မှတ်ပါလိမ့်မယ် ဂရုစိုက်နေစရာမလိုပါဘူး။ ဘယ်တော့မှလက်မလွှတ်ဖို့ တွေးထားပါ၊ စိတ်ကူး အိပ်မက်တွေနောက်လိုက်ရင်းအောင်မြင်သွားတဲ့ ကမ္ဘာကျော်သွားတဲ့သူတွေကိုအတုယူပါ။ ကျွန်တော့ပို့စ်လေးကအားလုံးအတွက်တစ်ခုခုသင်ခန်းစာရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ မိတ်ဆွေတို့အတွက်အသုံး၀င်၊ အကျိုးပြုတယ်ဆိုရင် ကျွန်တော့ရဲ့ page လေးကို Like လုပ်ပေးထားကြပါဦး။ Nyan Lin Aung Business Coach