#အောင်မြင်မှု့အတွက်ဖော်မျူလာအားလုံးသိကြတဲ့ အတိုင်း အောင်မြင်မှု့ဆိုတာ လူတိုင်း လိုချင်တဲ့အရာပါ။ နိုင်ငံတနိုင်ငံမှာ လူတိုင်းအောင်မြင်နေကြတယ်ဆိုရင် နိုင်ငံတော်ကြီးဟာ အကြီးအကျယ်တိုးတက်လာမှာတော့ မလွဲဧကံပဲဖြစ်ပါတယ်။ အောင်မြင်မှု့ဆိုတာဘာလဲလို့မေးချင်နေကြလိမ့် မယ်ဆိုတာကို ကျွန်တော်သိပါတယ်။ အောင်မြင်မှု့ဆိုတာပျော်ရွှင်ခြင်းလို့ပဲ ပြန်ဖြေချင်ပါတယ်။ ဥပမာဆိုကြပါစို့ ကိုဟာ ဒီပစ္စည်းလေးကို ရချင်တယ် ရအောင်ကြိုးစားတယ် ရတဲ့အခါ အရမ်းပျော်ရွှင်ရပါတယ်ဒါဟာအောင်မြင်မှု့လို့ပြောလို့ရပါတယ်။ ဒါဆိုရင်အောင်မြင်ချင်ပါလျက်နဲ့ ဘာလို့မအောင်မြင်ကြတာလဲ? အဖြေကတော့ရှင်းရှင်းလေးပါ အောင်မြင်လိုတဲ့ ဆန္ဒကြီးကြီးမားမားမရှိလို့ပါပဲ၊ တကယ်အောင်မြင်လိုတဲ့ ကြီးမားတဲ့ ဆန္ဒသာရှိမယ်ဆိုရင် သေချာပေါက်အောင်မြင်ဆိုတာ လူတိုင်းလက်ခံမယ်ဆိုတာကျွန်တောသိပြီးသားပါ။ဒီနေ့တော့အောင်မြင်မှု့အတွက် ဖော်မျူလာလေးပြောပြချင်ပါတယ်၊ အောင်မြင်လိုသူတစ်ယောက်ဟာ ကိုယ်ဘာဖြစ်ချင်လဲဆိုတာ ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ သိပြီဆိုရင်ပန်းတိုင်တစ်ခု သတ်မှတ်ဖို့ လိုပါတယ်(Goal) ပေါ့။Goal ဆိုတဲ့နေရာမှာလဲ ကိုယ့်ရဲ့ Goal ဟာ SMART GOAL ဖြစ်ဖို့လိုပါတယ်။ S-Specific တိကျမှု့ရှိရပါမယ်၊ ချမ်းသာချင်တယ်ဆိုတာထက် ငါနောက်နှစ် သိန်း တစ်သောင်းချမ်းသာရမယ်ဆိုတာမျိုးပေါ့။M-Measurable တိုင်းထွာနိုင်ရပါမယ်A-Achievable ရောက်ရှိနိုင်တဲ့ အတိုင်းအတာရှိရပါမယ်၊ မြန်မာပြည်မှာနေပြီး အမေရိကန်သမ္မတဖြစ်တယ်ဆိုရင် တော့ အဆင်မပြေနိုင်ပါဘူး။ R-Relevance ဆက်စပ်မှု့ရှိရပါမယ် ၁ တန်းနဲ့ကျောင်းထွက်ပြီး နွားကျောင်းနေတဲ့လူတစ်ယောက် ကဆရာ၀န်ဖြစ်ချင်တယ်ဆိုရင်တော့ ဆက်စပ်မှု့မရှိလိုပြောရပါမယ်T-Timely အချိန်တိတိကျကျရှိရပါမယ်။ Goal ကိုချမှတ်တဲ့နေရမှာလဲ ယုံကြည်မှု့တွေနဲ့ တန်ဖိုးထားတဲ့ပေါ်မှာပါတယ် လူတစ်ချို့တန်ဖိုးထားတာနဲ့ တစ်ခြားလူတွေတန်ဖိုးထားတဲ့ အရာချင်းမတူပါဘူး။ အသက်အရွယ်ကြီးရင့်တဲ့ လူတွေအတွက် ကျန်းမာရေးကောင်းချင်းဆိုတဲ့အရာဟာသူ့ရဲ့ပန်းတိုင်ဖြစ်ပေမယ့် ၁၀ တန်းကျောင်းသားတစ်ယောက်အတွက်တော့ စာမေးပွဲအောင်မြင်ခြင်းဟာပန်းတိုင်ပါပဲ။Goal တစ်ခုချမှတ်ပြီးရင်တော့ အဲဒီ Goal ကိုရောက်ရှိဖို့ အတွက် နည်းဗျူဟာ တွေချမှတ်ရမယ် Strategy ပေါ့၊ ဥပမာ ကိုယ်ဟာ ဒီလထဲကို ၀ိတ် ၅ပေါင်ကျချင်တယ် ဆိုရင် Gym သြားမလား၊ အစားရှောင်မလား တခြားနည်းလမ်းတွေကိုစဉ်းစားမလား ဒါတွေဟာနည်းဗျူဟာတွေပါ၊ နည်းဗျူဟာ တွေချမှတ်ပြီးရင်တော့ လိုက်နာလုပ်ဆောင်ဖို့လိုပါတယ် Action ပေါ့ ၊ ပိန်ဖို့ Gym သွားမယ်ဆိုရင် စသွားဖို့လိုနေပါပြီ မသွားဖြစ်ရင်တော့ ပိန်မှာမဟုတ်သလို ချမှတ်ထားတဲ့ နည်းဗျူဟာတွေကလဲအလကားဖြစ်သွားတော့မှာပါ Without action, no result ဆိုတာပါပဲ၊ လုပ်ဆောင်ချက်မရှိရင် ရလဒ်မရှိနိုင်ပါဘူး ။ လုပ်ဆောင်လိုက်တိုင်းမှာရလဒ်ထွက်ပါတယ် ၊ ရလဒ်ဟာ ကိုယ့်ပန်းတိုင်ကိုမရောက်ဖူးဆိုရင် နည်းဗျူဟာကိုပြောင်းဖို့လိုပါလိမ့်မယ်၊ World class Leadership Training တွေပေးနေတဲ့ John C Maxwell ကဘာပြောလဲဆိုတော့ There is no failure, only feedback. လောကမှာ ကျရှုံးမှု့ဆိုတာမရှိပါဘူး ၊ သင်ခန်းစာပဲရှိပါတယ်တဲ့၊ နည်းဗျူဟာတွေကိုလဲအနေထားလိုက်ပြီး ပြောင်းလဲနေဖို့လိုပါတယ်။ မအောင်မြင်တဲ့ နည်းဗျူဟာကိုပဲဒေါက်ရှောက်သုံးနေမယ်ဆိုရင်လဲအဆင်မပြေပါဘူး။ အိုင်းစတိုင်းကဘာပြောလဲဆိုတော့ တူညီတဲ့ လုပ်ရပ်တွေကို ပဲလုပ်နေပြီး မတူညီတဲ့ ရလဒ်တွေကို ရချင်နေတယ်ဆိုတော့ ဒါဟာရူးသွပ်မှု့တစ်ခုပါပဲတဲ့။အက်ဒီဆင်ဟာ မီးလုံးကိုတည်ထွင်တော့ ကြိမ်တစ်သောင်းတိတိအလုပ်မဖြစ်ခဲ့ဘူး အဲဒီတော့ တခြားသူတွေ ကသူ့ကိုေ၀ဖန်ကြတယ် အကြိမ်တစ်သောင်းကျရှုံးသွားတယ်ပေါ့ အဲဒီမှာသူကဘာပြန်ပြောလဲဆိုတော့ ကျွန်တော် အကြိမ်တစ်သောင်းတိတိကျရှုံးခဲ့တာမဟုတ်ပါဘူး ၊ အလုပ်မဖြစ်တဲ့နည်းလမ်းတွေကိုတွေ့ရှိခဲ့တာပါ တဲ့။ကျွန်တော့်မိတ်ဆွေတွေရော ၊ အောင်မြင်ချင်ရင် ပန်းတိုင်တစ်ခုသတ်မှတ်ပါမဟာဗျူဟာတွေချမှတ်ပါ လုပ်ဆောင်ပါ မအောင်မြင်ရင် မဟာဗျူဟာတွေပြောင်းလဲပြီး မရောက်ရောက်အောင်သွားပါ။ဒါဆိုရင် တော့ အောင်မြင်မှု့က ကိုယ့်ဆီကိုမဖြစ်မနေရောက်ရှိလာမှာပါ။ချစ်ခြင်းများစွာဖြင့်Nyan Lin Aung Professional Business Coach
