ကိုယ်ဟာအရှုံးသမားတစ်ယောက် မဟုတ်ပါဘူး

ဇွန်လ ၈ ရက်နေ့မှာ Anthony Bourdain, ကမ္ဘာ့အကျော်ကြားဆုံး အမေရိကန်နိုင်ငံသား စားဖိုမှူး၊စာရေးဆရာ၊ အစားအသောက်နဲ့ပတ်သတ်ပြီး ခရီးသွားအစီအစဉ်တွေကို CNN သတင်းဌာနမှာတင်ဆက်နေတဲ့ ကမ္ဘာကျော်တစ်ယောက်ဟာပြင်သစ်နိုင်ငံမှာ တီဗီစီးရီး တစ်ခုရိုက်နေရင်း ဟိုတယ်အခန်းထဲမှာမိမိကိုယ်ကို ကြိုးဆွဲချပြီး သတ်သေခဲ့ပါတယ် ၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ သူ့ပရိတ်သတ်တွေဟာ အကြီးအကျယ် ဝမ်းနည်းပူဆွေးခဲ့ကြပါတယ်။ သူဟာ၂၀၁၃ ခုနှစ်မှာလဲ မြန်မာနိုင်ငံ တီဗီအစီအစဉ် တစ်ခုအတွက်နဲ့လာရောက်ခဲ့ဖူးပါတယ် ဆရာ စံဇာနည်ဗိုလ် ကိုယ်တိုင် လိုက်လံပြီးမြန်မာပြည်အကြောင်းလိုက်ရှင်းပြတာတွေ့ခဲ့ဖူးပါတယ်။ ကျွန်တော့အမြင်ပြောရရင်တော့ သူဟာ လူချစ်လူခင်ပေါများတဲ့သူ ကမ္ဘာကျော်တဲ့သူ အောင်မြင်ပြီးပျော်ရွှင်စရာကောင်းတဲ့ လူအဖြစ်နဲ့မြင်မိတယ်။ ငွေရေးကြေးရေးပဲကြည့်ကြည့် ကျော်ကြားမှု့ပဲကြည့်ကြည့် အားလုံးအဆင်ပြေသလို သာယာတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ် ။ သူဟာ ဘာလို့များ မိမိကိုယ်ကိုသတ်သေသွားသလဲဆိုတာကတော့ ပ‌ဟေဠိတစ်ခုပါဘဲ၊ တစ်ချို့ကတော့ သူဟာ depression (စိတ်ဓါတ်ကျတဲ့ရောဂါ) ဝင်ပြီး ကိုယ့်ကိုကို အဆုံးစီရင်သွားခဲ့တာလို့ပြောကြပါတယ်။ သူဟာ ဒီလောက်စိတ်ဓါတ်ကျဆင်းနေတာတောင် အလုပ်အကိုင်မပြတ် သူ့ရဲ့ပရိတ်သတ်တွေကို အကောင်းဆုံး ဖျော်ဖြေတင်ဆက် နိုင်ခဲ့တယ်ဆိုပြီး သူ့ပရိတ်သတ်တွေကတော့ သူ့ကိုတော်တော်ကိုလေးစားခဲ့ကြပါတယ်။ ပြောချင်တာကလူတွေဟာ သူ့ကိုဘယ်လောက်ပဲအောင်မြင် ပျော်ရွှင် ချမ်းသာတယ်လို့ ထင်ထင် သူ့ကတော့ သေချင်လောက်တဲ့ အခက်အခဲတွေ စိတ်ဆင်းရဲမှု့တွေရှိနေခဲ့တာပါပဲ။ ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း လူတစ်သန်းလောက်ဟာ ကိုယ့်ကိုကိုသတ်သေဖို့ကြိုးစားနေကြပါတယ် ဒါကြောင့်မို့လို့ WHO အဖွဲ့ကြီးကနေ စက်တင်ဘာလ ၁၁ ရက်နေ့ကို World Suicide Prevention Day အဖြစ်သတ်မှတ်ခဲ့ပါတယ်။ ဘယ်လောက်ပဲအခက်အခဲတွေကြုံတွေ့နေပါစေ ကြိုးစားမှု့ကို မရပ်လိုက်ပါနဲ့ ။ ကိုယ်အရှုံးမပေးသရွေ့လောကကြီးမှာ ကိုယ်ဟာအရှုံးသမားတစ်ယောက်မဟုတ်သေးပါဘူး။ Nyan Lin Aung Professional Business Coach