ဒီလိုလူငယ်တွေ ရှိကိုရှိတယ်…

ရှိကိုရှိတယ်ပျင်းရိနုံခြာခြင်းကို…ရောင့်ရဲခြင်းနဲ့ရောပြီးရိုးသားခြင်းလို့အမည်တပ်ချင်တဲ့..လူငယ်တွေရှိကိုရှိတယ်ပညာမြင့်မှ..ဝင်ငွေမြင့်မှာသိပေမယ့်ပညာရှာဖို့ထက်.ဘုရားပေးမယ့်ဝင်ငွေကို မျှော်လင့်နေတဲ့လူငယ်တွေရှိကိုရှိတယ်။လူရာဝင်မယ့်အရည်ချင်းတွေကျ.မဖြည့်ဆည်းဘူးလူရာမသွင်းတဲ့..ပတ်ဝန်းကျင်ကိုကျ..အညိူးဖွဲ့တတ်တဲ့လူငယ်တွေရှိကိုရှိတယ်။ကိုယ်ကစပြောင်းလဲဖို့ထက်.အရာရာတိုင်းကိုအပြစ်တင်ပြီးကိုယ်တိုင်က…ကံခေသူအဖြစ် Drama ခင်းတတ်တဲ့ လူငယ်တွေ ရှိကိုရှိတယ်အနေချောင်တဲ့ခေတ်ထဲက..အချောင်နေလာတော့အနေကြပ်တဲ့ ကပ်ဘေးဆိုက်ချိန်ချောင်ပိတ်မိကုန်ကြတဲ့လူငယ်တွေရှိကိုရှိတယ်။ဘယ်လိုလုပ်မလဲလူငယ်မင်းလဲလူ..သူလဲလူ..လူလူချင်းမှာ…အခြေနေမတူတာကို အကြောင်းပြပြီးထိုင်နေတုံးလားအထိုင်လွန်းပြီး..ထလို့မရတော့ရင်..ဘယ်လိုလုပ်မလဲထတော့လူငယ်..အခုအလုပ်လုပ်တော့မင်းမှာ..အချမ်းသာဆုံးကအချိန်..အချိန်ကိုရင်းနှီပါတော့ထ..အလုပ်လုပ်ပါတော့..လူငယ်ပျင်းရိခြင်း၊အပြစ်တင်ခြင်း၊ငြင်းဆိုခြင်းဆိုတာ.လူပျင်းလူညံ့တွေရဲ့အလုပ်နော်မင်းအလုပ်မဟုတ်ဘူးဒါကြောင့်..အခုထတော့…ရောက်နေတဲ့နေရာကနေ.ရှိတာနဲ့..စတော့.မင်းမှာ..အချိန်သိပ်မကျန်တော့ဘူး..လေချစ်လို့ပြောတယ်မှတ်ပါ..လူငယ်