မိမိကိုယ်ကိုယုံကြည်မှုရှိလာစေရန်ဆောက်ရွက်ရမည့်အချက်များ

မိမိကိုယ်ကို ယုံကြည်မှု့ရှိလာစေရန်ဆောင်ရွက်ရမည့် အချက်များ########ကိုယ့်ရဲ့ စိတ်ကူးအိမ်မက်တွေကို အကောင်ထည်ဖော်ပြီး အောင်မြင်ဖို့ အတွက် အဟန့်အတား ၂ ချက်ပဲရှိပါတယ် အဲဒါကတော့ ကျဆုံးမှု့ကိုကြောက်ရွ့ံခြင်းနဲ့၊ ကိုယ့်ကိုကို ယုံကြည်မှု့မရှိခြင်းပါပဲ။ လူတွေအနဲနဲ့အများဟာ ဒီနှစ်ခုကိုရင်ဆိုင်နေကြရပါတယ်။ ကျွန်တော်တို့ ဒါတွေကိုဘယ်လိုကျော်ဖြတ်ကြမလဲ။ ကိုယ့်ကိုကို ယုံကြည်မှု့အပြည့်ရှိသွားပြီဆိုရင်တော့ အောင်မြင်ဖို့ လမ်းကြောင်းပေါ်ရောက်သွားပါပြီ။ မိမိကိုယ်မိမိ ယုံကြည်မှု့ရှိလာအောင်အောက်ပါနည်းလမ်းတွေပြောပြချင်ပါတယ်။ ၁ ။ အမြဲတမ်းသပ်သပ်ရပ်ရပ် နေပါ။နုတ်ခမ်းမွှေးမှန်မှန်ရိပ်ပါ ရေမှန်မှန်ချိုးပါ ကိုယ့် ခန္ဓာကိုယ်ကို အန့ံအသက်ကင်းအောင်နေပါ ဒါဆိုရင်ကိုယ်ဟာ တစ်နေကုန်လမ်းဆန်းနေပြီး ယုံကြည်မှု့တွေရှိနေမှာပါ။၂ ။ သပ်သပ်ရပ်ရပ်၀တ်ဆင်ပါ။ အကောင်းစားအ၀တ်အစားတွေကိုအမြဲတမ်း၀တ်ဆင်နေဖို့ပြောတာမဟုတ်ပါဘူး။ ရှိတာလေးနဲ့လှအောင်၀တ်ပါ အဲဒါဆိုရင် ကိုယ်ဟာနေရထိုင်ရတာအဆင်ပြေနေသလို ကိုယ့်ကိုကိုအောင်မမြင်နေတဲ့ လူတစ်ယောက်လို့ခံစားရမှာပါ။ ၃ ။ ကိုယ်ဟာခန့်ညားလှပတဲ့ လူတစ်ယောက်စိတ်ထဲမှာအမြဲတမ်းမှတ်ယူထားပါ။ ဒါဟာအရမ်းအရေးကြီးပါတယ် ငါဟာလှပချောမောလွန်းသူပဲလို့ အချိန်ပြည့်စိတ်ကြီး၀င်နေဖို့ပြောလိုတာမဟုတ်ပါဘူး လူတွေဟာကိုယ့်ကိုကို ဘယ်လိုပုံလဲဆိုတာအမြဲတမ်း စိတ်ထဲမှာပုံဖော်ထားပါတယ် ကိုဟာသိပ်ပြီးတော့သပ်ရပ်တယ် ချောမောတယ် ဘယ်နေရသွားသွားသင့်တော်တယ်လို့အမြဲစိတ်ထဲမှာ ပုံဖော်ထားရင် ယုံကြည်မှု့တွေရှိနေမှာပါ။ ၄ ။ အမြဲတမ်းအကောင်းမြင်ပါ ။ အမြဲတမ်းအဆိုးမြင်နေတဲ့လူတွေနောက်ကို ဘယ်သူမှနောက်လိုက်မလုပ်ချင်ပါဘူး တစ်ချို့လူတွေဆိုရင် မကောင်းတာတွေပဲအမြဲမြင်နေကြတာပါ။ facebook ပေါ်မှာ မီးပြတ်တာပဲတင်နေတဲ့လူတွေအများကြီးတွေ့ရမှာပါ သူတို့ကို အဆိုးမြင်လို့ပဲသတ်မှတ်ပါတယ်။ ကိုယ့်နောက်မှာနောက်လိုက်မရှိဘူးဆိုရင်သေချာပေါက် ယုံကြည်မှု့တွေရှိနေမှာမဟုတ်ဘူး။ အကောင်းမြင်တဲ့ လူတွေရဲ့နောက်မှာ follower တွေအမြဲတမ်းရှိနေတဲ့အတွက် ယုံကြည်မှု့အပြည့်ရှိကြပါတယ်။၅ ။ မကောင်းတဲ့အတွေးတွေကို ဖယ်ရှားပါ။ လူတွေဟာ ကိုယ့်ကိုကို စကားလုံးရေ ၁၅၀ ကေန ၃၀၀ အထိ ၁ မိနစ်တိုင်းမှာပြောနေသလို တစ်ရက်ကို အေတြး ၅ သောင်း လောက်တွေးပါတယ်။ အဲဒီတော့ မကောင်းတဲ့အတွေးကိုပဲတွေးနေမယ်ဆိုရင် မကောင်းတာတွေပဲပြောပြီးမကောင်းတာတွေပဲလုပ်မိနေတော့မှာပါ။၆ ။ မိမိအကြောင်းကို မိမိသိအောင်အမြဲတမ်းကြိုးစားပါ။ စစ်တိုက်ထွက်တော့မယ့်စစ်ဗိုလ်ချုပ်ကြီးဟာရန်သူရဲ့အနေအထားကိုကောင်းကောင်းသိဖို့လိုပါတယ်ဒါမှသာစစ်ပွဲကို နိုင်မှာပါ။ ဒီလိုပါပဲ ကိုယ့်ကိုကို အဆိုးမြင်တဲ့ အတွေးတွေကို ဖျောက်ပြီး ယုံကြည်မှု့တွေကိုလာဖို့ တားဆီး နိုင်တဲ့ အရေးအကြီးဆုံးရန်သူဟာကိုယ်ကိုတိုင်ပါပဲ။ ကိုယ့်အတွေးတွေကို ကိုနားထောင်ပါ ကိုယ့်ရဲ့ဆိုးကွက်တွေကိုပဲအမြဲတမ်းမစဉ်းစားနေပဲကိုယ့်ရဲ့ကောင်းတာလေးပဲစဉ်းစားပါ ။ဆိုးတဲ့ မကောင်းတဲ့လုပ်ရပ်တွေကို မပြုလုပ်မိဖို့ ကြိုးစားပါ။၇ ။ ကောင်းမွန်စွာနေထိုင်ပါ။ အကောင်းမြင်တဲ့စိတ်ကို ကျော်လွန်ပြီး ကောင်းမွန်စွာနေထိုင်ခြင်းဟာ ကိုယ့်ကိုကို ယုံကြည်မှု့မြင့်တက်စေပါတယ် ။ လူတွေကိုအမြဲတမ်းအပြုသဘောဆောင်တဲ့စကားတွေပဲပြောပေးပါ။ ၈ ။ ရက်ရောပြီး ကြင်နာတက်ပါစေ။ သူများတွေကို ရက်ရောပြီး ကြင်နာတက်သလို ကိုယ့်ကိုကိုလဲ ရက်ရောပြီး ကျင်နာပါ။ ၉။ အမြဲတမ်းပြင်ဆင်ထားပါ။ ကိုယ်ဟာ တစ်ခုခုကိုကောင်းကောင်းမလုပ်နိုင်ဘူးလို့ထင်နေရင် ကိုယ့်ကိုကို ယုံကြည်မှု့ရှိဖို့ခက်ခဲပါစေလိမ့်မယ်။ ငါမလုပ်နိုင်ဘူးလို့ ကိုယ့်ကိုကို ထင်ထားတာတွေဖယ်ရှားပြီး အမြဲတမ်း ယုံကြည်မှု့တွေရှိဖို့ပြင်ဆင်ထားပါ။ စာမေးပွဲဖြေသလိုပေါ့ အကောင်းဆုံးပြင်ဆင်ထားပြီး ကြိုးစားထားတဲ့ ကျောင်းသားဟာ စာမေးပွဲမှာ သူဟာအောင်မြင်ရမယ်လို့ ကိုယ့်ကိုကို ယုံကြည်မှု့အပြည့် ရှိနေပါလိမ့်မယ်။ ၁၀ ။ စဉ်းမျဉ်းလေးတွေချမှတ်ပြီး စဉ်းနဲ့ကမ်းနဲ့နေထိုင်ပါ။ဘယ်လိုစဉ်းကမ်းတွေက ကိုယ့်ကိုအောင်မြင်စေနိုင်သလဲဆိုတာစဉ်းစားပါ ချမှတ်ပါ၊ စဉ်းနဲ့ကမ်းနဲ့နေထိုင်ပါ အဲလိုမနေရင်တော့ ဘ၀ဟာဦးတည်ချက်မဲ့သွားပါလိမ့်မယ်။ ၁၁ ။ စကားကိုဖြေးဖြေးပြောပါ။သိပ်ကိုရိုးရှင်းပါတယ်။ သြဇာကြီးတဲ့သူတွေဟာ စကားကိုအမြဲတမ်းဖြေးဖြေးပြောပါတယ် self-confidence အားနည်းတဲ့လူတွေဟာ စကားကိုမြန်မြန်ပြောတက်ကြပါတယ် ဘာလို့လဲဆိုတော့ သူ့ရဲ့တန်ဖိုးမရှိတဲ့စကားတွေကို လူတွေစောင့်နားထောင်ဖို့ မစောင့်ဆို်င်းစေချင်လို့ပါ။ ၁၂ ။ မတ်တပ် မတ်မတ်ရပ်ပါ။ကိုယ့်ကိုကိုယုံကြည်မှု့ရှိတဲ့သူတွေဟာ မတ်တပ်ကို မတ်မတ်ရပ်ကြတယ်။ မတ်တပ်ရပ်တာပုံမကျရင်လဲ ယုံကြည်မှု့ကျပါတယ် ရင်ကော့ပြီးမတ်တပ်ရပ်နိုင်အောင်ကြိုးစားပါ။၁၃ ။ သေးငယ်တဲ့ပန်းတိုင်လေးတွေချမှတ်ပြီး ပြီးမြောက်အောင်ဆောင်ရွက်ပါ။ ကြီးမားတဲ့ပန်းတိုင်တွေချမှက်ပြီး မရောက်နိုင်သေးရင်လူတွေဟာ စိတ်ပျက်သွားတက်ကြပါတယ် အဲဒီတော့ သေးငယ်တ့ဲပန်းတိုင်လေးတွေချမှတ်ပါ ဥပမာ ငါဒီလ ၀ိတ် ဘယ်နှစ်ပေါင်ကျရမယ် စာအုပ် ဘယ်နှစ်အုပ်ပြီးအောင်ဖတ်မယ် သင်တန်းဘယ်နှစ်ခုတက်မယ်ပေါ့။ ကိုယ့်ပန်းတိုင်သေးသေးလေးတွေကိုပြီးမြောက်အောင်လုပ်နိုင်မယ်ဆိုရင် ယုံကြည်မှု့တွေတက်လာပြီး ကြီးမားတွေတဲ့ ပန်းတိုင်တွေကိုရောက်မှာကတော့ဧကံမလွဲပါပဲ။ ၁၄ ။ သေးငယ်တဲ့ အကျင့်ဆိုးလေးတွေကို ပြင်ပါ။ဆေးလိပ်သောက်တာတို့ ရေမသောက်ဖြစ်တာတို့ အိပ်ယာထနောက်ကျတာတို့ လိုအရာတွေကို အခုချက်ချင်းရပ်လိုက်ပါတော့ ။ ၁၅ ။ အကြောင်းပေါ်မှာပဲနေပါ ။ အကြောင်းကောင်းမှ အကျိုးကောင်းမှာပါ အဲဒီတော့ အကျိုးတွေပေါ်မှာပဲ အာရုံစိုက်နေမဲ့အစား အကြောင်းတွေပေါ်မှာပဲအာရုံစိုက်ပါ။၁၆ ။ ပြုံးပါ ။အင်မတန်အလုပ်ဖြစ်တဲ့ အကြောင်းအချက်လေးပါပဲ ပြုံးချင်းအားဖြင့် ကိုယ်လဲ နေထိုင်ရတာအဆင်ပြေသလို သူတစ်ပါးတွေကလဲကိုယ့် ကို ကြင်နာတ့ဲလူတစ်ယောက်အဖြစ်နဲ့အမြဲတမ်းမြင်နေကျမှာပါ။ ၁၇ ။ သူတပါးအကျိုးကိုအားတဲ့အချိန်မျာဆောင်ကျဉ်းပါ။ အားတဲ့ရက်လေးတွေကို အများအကျိုးဆောင်ရင်းနဲ့ ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေကိုဖြတ်သန်းပါ။၁၈ ။ ကျေးဇူးတင်တတ်ပါစေ ။ကိုယ့်ကို ကောင်းတဲ့စကားပြောပေးတဲ့သူကိုပဲဖြစ်ဖြစ် ကောင်းတဲ့အလုပ်ကလေးတွေကို လုပ်ပေးတဲ့သူတွေကိုကျေးဇူးတင်ပါ။သူတို့ဟာ သူတို့တက်နိုင်တာလေးတွေနဲ့ကိုယ့်ကို ပျော်ရွှင်အောင်လုပ်ပေးနေကျတဲ့သူတွေပါ။ ၁၉ ။ ကျန်းမာရေးလေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ ကျန်းမာရေးလုပ်ဖို့ ကိုယ့်ရဲ့ တစ်နေ့တာလုပ်ရမဲ့ အချိန်ဇယားထဲမှာထည့်ထားပါ။ မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ပြီးရင်တစ်နေကုန်ကိုလန်းဆန်းနေစေမှာပါ။ ၂၀ ။ နေ့တိုင်းသင်ယူခြင်းဖြင့် ကိုယ့်ကိုကို စွမ်းရည်မြှင့်ပါ။ ကိုယ်ဟာ ဘယ်အသက်အရွယ်ပဲရောက်နေပါစေ လေ့လာမှု့ကိုမရပ်လိုက်ပါနဲ့ ၊ ဗဟုသုတကြွယ်၀တဲ့သူတွေဟာကိုယ့်ကိုကိုအမြဲတမ်းယုံကြည်မှု့ရှိနေလိုပါပဲ။ ၂၁ ။ အချိန်ဆွဲတဲ့အကျင့်ကိုဖျောက်ပါ။ နောက်မှလုပ်မယ်ဆိုတာမလုပ်တော့ဘူးဆိုတဲ့သဘောပါပဲ။လုပ်စရာရှိတာကို အခုလုပ်ပါ အလုပ်ပြီးသွားရင် ကိုယ့်ကိုကို ချီးမြှောက်ပါ။ ၂၂ ။ တက်တက်ကြွကြွနေပါ။ ဘာမှမလုပ်တာထက်စာရင်တစ်ခုခုလုပ်နေတာကပိုကောင်းပါတယ် ။ တစ်ခုခုလုပ်ရင်အမှားတော့ရှိပါပဲ အမှားတွေဟာ ကျွန်တော့ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အမှားတွေဆီကနေသင်ယူပြီး အမှန်တွေဖြစ်လာမှာပါ။၂၃ ။ အလုပ်သေးသေးတွေကိုအမြဲတမ်းလုပ်နေပါ ။ ကြီးမားတဲ့အရာကြီးတွေကစလုပ်တော့မယ်ဆိုရင် အစခက်ပါလိမ့်မယ် အဲဒီတော့သေးသေးလေးတွေကိုလုပ်ရင်းအောင်မြင်သွားပြီးဆိုရင် ကိုယ့်ကိုကို ယုံကြည်ပြီးတော့ အကြီးကြီးတွေကိုအောင်မြင်ဖို့သေချာနေပါပြီ ။၂၄ ။ ကိုယ့်ရဲ့ အလုပ်စားပွဲကို အမြဲတမ်းသပ်သပ်ရပ်ရပ်ထားပါ။သိပ်သေးတဲ့အလုပ်လို့ထင်ကောင်းထင်ပါလိမ့်မယ် ဒါပေမယ့် ကိုယ့်ကို အမြဲတမ်းအလုပ်လုပ်ချင်စိတ်တွေပေါ်လာစေပါတယ်။ Nyan Lin Aung