လူတွေကိုသူတို့အကြောင်းကောင်းကောင်းမသိပဲမဝေဖန်ပါနဲ့

လူတွေကိုသူတို့အကြောင်းကောင်းကောင်းမသိပဲနဲ့ မဝေဖန်ပါနဲ့ @@@@@@@@@@@@@@@@@@@@@@ သူငယ်တန်းကလေးတွေကို သင်္ချာသင်တဲ့ ဆရာမတစ်ယောက်ဟာ မောင်မောင်ဆိုတဲ့ အတန်းထဲကကောင်လေးကို သင်္ချာနဲ့ပတ်သတ်တဲ့မေခွန်းတစ်ခုကို မေးလိုက်တယ်၊ သားကို ဆရာမက ငှက်ပြောသီး ၃ လုံး ၂ ကြိမ်ပေးမယ်ဆိုရင် သားမှာ ငှက်ပြောသီး ဘယ်နှစ်လုံးရှိမလဲလို့ မေးလိုက်တဲ့၊ အခါ သူကကျွန်တော့ဆီမှာ ၇ လုံးရှိမယ်လို့ ပြောတယ်။ ဒါဟာမှားနေတယ်ပေါ့၊ ဒါနဲ့ ဆရာမက သင်္ချာမရသေးလူးလို့ထင်လိုက်တယ် ။ ဒါနဲ့ ဆရာမလဲ သူ့အမေပြောဖူးတဲ့ သူ့သားအကြောင်းကို သတိရလိုက်တယ် သူ့သားက သရက်သီးကြိုက်တယ်တဲ့ အသီးနာမည်ပြောင်းမေးလိုက်တယ် သားကို သရက်သီး ၃ လုံး နှစ်ကြိမ်ပေးမယ်ဆိုရင်ရောလို့ မေးကြည့်တော့ ၆ လုံးပေါ့လို့ ပြန်ပြောတယ် ။ သားက ငှက်ပြောသီး ၃ လုံးနှစ် ကြိမ်ပေးမယ်ဆိုတုန်းကတော့ သားဆီမှာ ၇ လုံးရှိမယ်လို့ပြောပြီးတော့ ၊ သရက်သီးကျတော့ ၆ လုံး ရှိမယ်လို့ ဘာပြုလို့ပြောတာလဲလို့မေးတော့ ကလေးက ပြန်ပြောတယ် သားလွယ်အိတ်ထဲမှာ ငှက်ပြောသီးတစ်လုံး ရှိနေလို့တဲ့။ ဒီအကြောင်းအရာကိုကြည့်မယ်ဆိုရင် ဆရာမလဲမမှားဘူး ကျောင်းသားလဲမမှားဘူး၊ ဒါပေမယ့် ကလေးအိတ်ထဲမှာရှိတဲ့ ငှက်ပြောသီးတစ်လုံးကိုတော့ ဆရာမက မမြင်လိုက်ဘူးလေ။ လက်တွေ့ကျကျစဉ်းစားမယ်ဆိုရင် ကလေးကမှန်ပေမယ့် သင်္ချာနည်းအရဆိုရင်တော့ ဆရာမကမှန်တာပေါ့။ လူတွေလဲအဲဒီလိုပါပဲ တစ်ချို.သောလူတွေဟာ တစ်ချို.သောသူတွေကို သူတို့သတ်မှတ်ထားတဲ့ပေတံတွေနဲ့ တိုင်းကြတယ် အံကိုက်မဖြစ်ဘူးဆိုရင်် ဝေဖန်ကြ ၊အပစ်တွေတင်ကြ၊ ရှုံ့ချကြ တယ်။ ဒါပေမယ့် သူ့ရဲ့ပေတံနဲ့ပြန်တိုင်းကြည့်တော့ ကိုလဲမှားချင်မှားနေမှာပါ။ လူအချင်းချင်း ဝေဖန်၊ ရှုံ့ချ၊ ကဲ့ရဲ့ခြင်း ကင်းဝေကြပါစေ။ Nyan Lin Aung Professional Business Coach