ဝေဖန်မှုတွေကို ဂရုမစိုက်ပါနဲ့

ဒီနေ့တော့ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး ကမ်ဘာ့ ၁၈ ယောက်မြောက် အချမ်းသားဆုံး alibaba.com ရဲ့ CEO Jack Ma ပြောတဲ့ အောင်မြင်ချမ်းသာနည်း ၁၀ ချက်ကိုမျှဝေချင်ပါတယ်။၁. ငြင်းပယ်မှု့များနဲ့ အကျွမ်းတဝင်ရှိပါ။ ဆိုလိုတာက လောကြီးမှာ ကိုယ်လုပ်တာကိုသဘောကျတဲ့လူရှိသလို သဘောမကျတဲ့လူလဲရှိမှာပဲ ဒါကြောင့်မို့လို့ သဘောမကျတဲ့လူတွေရဲ့ငြင်းပယ်မှု.ကိုခံရရင်စိတ်ပျက်သွားပြီး ငါလုပ်တာမှားနေပြီဆိုပြီးတော့ မရပ်တန့်လိုက်ဖို့ပါပဲ။ ဂျက်မားဆိုရင် တက္ကသိုလ် ဝင်ခွှင့် ၂ကြိမ်ကျတယ်၊ အလုပ်လျှောက်တာအကြိမ် ၃၀ လုံးငြင်းပယ် ခံရတယ် KFC တရုတ်ပြည်လာတော့ ဝန်ထမ်းခေါ်တယ်သူဝင်လျှောက်တယ် ၂၄ ယောက် လျှောက်တာ ၂၃ ယောက်အလုပ်ရတယ် သူတစ်ယောက်ပဲ အငြင်းပယ်ခံရတယ်၊ ရဲလုပ်ချင်လို့ ဝင်လျှောက်တယ် အငြင်းပယ်ခံခဲ့ရတယ်၊ Harvard တက္ကကိုလ်ဝင်ခွှင့်လျှောက်တယ် ၁၀ ကြိမ်လုံးအငြင်းပယ်ခံရတယ်။ သူသာစိတ်ပျက်ပြီးဆက်မကြိုစားတော့ဘူးဆိုရင် ဒီအချိန်မှာသူဌေးကြီးဖြစ်လာစရာအကြောင်းမရှိပါဘူး။ ၂. ကိုယ့်စိတ်ကူးအိမ်မက်တွေကိုအမြဲရှင်သန်နေပါစေဘာပြုလို့လဲဆိုတော့ တစ်ချိန်မှာကိုယ့်စိတ်ကူးတွေဟာတစ်ကယ်ဖြစ်လာတော့မှာမှို.ပါ။ ၃. ငွေရှာတာထက် လူတွေကို ကူညီတယ်ဆိုတဲ့ ယဉ်ကျေးမှု.တစ်ရပ်အပေါ်အာရုံစိုက်ပါ။လုပ်ငန်းတစ်ခုဟာငွေရှာရုံသက်သက်ဆိုရင်ရေမရှည်တက်ပါဘူး။ ကိုယ့်လုပ်ငန်းအောင်မြင်ချင်တယ်ဆိုရင် လူတွေကိုကူညီရင်းနဲ့ အမြတ်ငွေရှာပါ။အဲဒီအစဉ်အလာကိုကျင့်သုံးပါ။၄. အမြင်ကျဉ်းတဲ့လူတွေရဲ့ ဝေဖန်မှု.ကိုဂရုမစိုက်ပါနဲ့ကိုယ့်ရည်မှန်းချက်ကိုပြောပြလို့ ဒါဟာကြီးလွန်းတယ် မဖြစ်နိုင်ဘူးလို့ပြောလာတဲ့သူတွေရဲ့စကားကို နားမထောင်ပါနဲ့ ဘာပြုလို့လဲဆိုရင် ဇွဲနဲ့ရောက်အောင်သွားမယ်ဆိုရင်သေချာကိုရောက်တော့မှာမှို.လို့ပါပဲ။၅. အမြဲတမ်းစိတ်ဓာတ်တက်ကြွနေပါစေ။အမြဲတမ်းသင်ယူရင်းနဲ့ စိတ်ဓါတ်တက်ကြွနေပါ အခွှင့်အလမ်းတွေ ကကိုယ့်စီကိုလာနေမှာပါ။၆.ကိုယ်ဖြစ်ချင်တဲ့အရာလိုချင်တဲ့အရာတွေအပေါ်ကိုအမြဲအာရုံစိုက်ထားပါ။အမြဲအာရုံစိုက်ထားခြင်းအားဖြင့် ဒီတစ်ချိန်အခွှင့်အရေးလွတ်သွားရင်နောက်အကြိမ်ပေါင်းများစွာကြိုးစားရပါမယ်။၇. ကိုယ့်လုပ်ငန်းကိုနာမည်ကောင်းကောင်းပေးပါ။လူနာမည်ဖြစ်စေ လုပ်ငန်းနာမည်ကောင်းကောင်းပေးထား နာမည်တွေကောင်းတစ်ခုပေးထားခြင်းဟာလုပ်ငန်းအောင်မြင်မှု.အတွက် အကြောင်းတစ်ချက်ပါပဲ။၈.ဖောက်သည်တွေကို နံပါတ်၁ နေရာမှာထားပါ ဖောက်သည်တွေဟာကိုယ့်လုပ်ငန်းကိုအမြတ်ငွေတွေပေးနေတာဖြစ်တဲ့အတွက် သူတို့ကို ၁ နေရာမှာထားပါ။ ဖောက်သည်တွေပြီးရင် ဝန်ထမ်းတွေကိုနံပါတ် ၂ နေရာထားပါ၊ Share holder တွေကတော့ နံပါတ်၃ ပေါ့။၉.အမြဲတမ်းအကြောင်းတစ်ခုခုအပေါ်ညီးညူးမနေပါနဲ့အမြဲတမ်းညီးညူ သူများကိုပဲအပြစ်တင်နေတဲ့သူတွေဟာ မအောင်မြင်နိင်ပါဘူး။ ၁၀. ကိုယ်လုပ်တဲ့ လုပ်ငန်းကိုချစ်မြတ်နိုးပါ ကိုယ်တိုင်လုပ်နေတဲ့ အလုပ်ကိုကိုယ်ကိုတိုင်မှမချစ်မြတ်နိုးရင် ဘယ်သူမှလာပြီးချစ်မြတ်နိုးမှာမဟုတ်ပါဘူး၊အားလုံးအတွက်အသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်၊ ချမ်းသာ အောင်မြင် ကြီးပွားလိုတဲ့ သူတွေလိုက်နာကျင့်သုံးဖို့လဲတိုက်တွန်းလိုပါတယ် ။Nyan Lin AungProfessional Business Coach