အချစ်ရေကိုယ့်ကြောင့်

#အချစ်ရေကိုယ့်ကြောင့်ကိုယ်မအောင်မြင်တာ ကိုယ့်ကြောင့်၊ကိုယ်မချမ်းသာတာကိုယ့်ကြောင့်၊ကိုယ်မတိုးတက်တာ ကိုယ့်ကြောင့်၊ကိုယ့်ဝန်ထမ်းတွေမကောင်းတာကိုယ့်ကြောင့်၊ကိုယ် မိတ်ဆွေအပေါင်းအသင်းမရှိတာကိုယ့်ကြောင့်၊ကိုယ်ကျန်းမာရေးမကောင်းတာကိုယ့်ကြောင့်၊ကိုယ့်ဘော့စ်က ကိုယ့်အပေါ်မကောင်းတာကိုယ့်ကြောင့်၊အားလုံးဟာ ကိုယ့်ကြောင့်တွေချဉ်းပါပဲ၊ ဘယ်သူ့ကိုမှအပြစ်တင် လွှဲချဖို့ မကြိုးစားပါနဲ့ ဗုဒ္ဓဘုရားရှင်ဟောသလိုပေါ့ ဘယ်သူမပြု မိမိအမှု့တဲ့။ တစ်ချို့သောသူတွေဟာ တစ်ခုခုဖြစ်ပြီဆိုရင် ဟိုလူ့ကြောင့်၊ဒီလူကြောင့်ဆိုပြီတမ်းအပစ်ပြောတော့တာပါပဲ။ တစ်ကယ်တမ်းတော့၊ အားလုံးဟာကိုယ့်ကြောင့်ပါပဲ။ ကိုယ်ဟာအောင်မြင်ချင်တဲ့လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ဘဝထဲမှာ ကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေအပေါ်မှာ ၁၀၀ရာခိုင်နှုံး တာဝန်ယူမှု့ တာဝန်ခံမှု့ရှိတတ်ဖို့လိုပါတယ်။ ကိုယ့်ဘဝရဲ့ကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေထဲမှာ ကိုယ့်ရဲ့ အောင်မြင်မှု့၊ ကျန်းမာမှု့၊ ကြွေးမြီကင်းရှင်းမှု့ ၊ မိသားစုနဲ့ပျော်ရွှင်တဲ့ဘဝရရှိမှု့ ၊ကြွယ်ဝချမ်းသာမှု့၊ စိတ်ချမ်းသာမှု့ ဒါတွေအားလုံးပါဝင်နေပါတယ်။ ကျွန်တော်တို့်တွေဟာ ဘဝမွာ အခက်အခဲတစ်ခုတွေ့ပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ် အပြစ်မမြင်တော့ပဲသူများတွေကို တန်းပြီးတော့ အပြစ်တင်တော့တာပဲ၊ မိဘကိုအပြစ်တင်မယ်၊ အပေါင်းအသင်းတွေကို အပြစ်တင်မယ်၊ ကိုယ့်အိမ်ထောင်ဖက်ကိုအပြစ်တင်မယ်၊ နိုင်ငံရေးမကောင်းတာ ကိုအပြစ်တင်မယ်၊ နိုင်ငံစီးပွါးရေးမကောင်းတာကိုအပြစ်တင်မယ်၊ ရာသီဥတုမကောင်းတာကိုအပြစ်တင်မယ်။ဒါပေမယ့် အခုလိုအခက်အခဲဖြစ်နေတာ ဒီပြသနာတွေဖြစ်နေတဲ့ အရင်းအမြစ်ဟာကိုယ့်ကြောင့်ပဲလို့ စဉ်းစားမိတဲ့သူဟာတော်တော့ကိုနည်းနေပါတယ်။ဒါကြောင့်မှို့လို့ ကိုယ်ဟာ ကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေ ကို အကောင်အထည်ဖော်ချင်တယ် အောင်မြင်ချင်တယ် ဆိုရင်တော့ ကိုယ့်ဘဝကို ကိုယ် ၁၀၀ရာခိုင်နှုံး တာဝန်ယူပါ၊ ဆိုလိုချင်တာက သူများတွေကို အပြစ်တင်နေတာတွေ ဆင်ခြေပေးနေတာတွေကို ရပ်လိုက်ဖို့ပါပဲ။ လူတွေအားလုံးဟာ ကိုယ့်ကို ကူညီဖို့မွေးဖွားလာကြတာ မဟုတ်သလို ဒုက္ခပေးဖို့ မွေးဖွားလာကြတာလဲမဟုတ်ပါဘူး။အဲဒီတော့ ဘယ်သူ့ကိုမှအပြစ်တင်ဖု့ိမကြိုးစားပဲ အောင်မြင်တဲ့အထိကြိုးစားပါ။အောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ၊Nyan Lin AungProfessional Business CoachReference: Jackcanfield