unlockyourfutures

မေတ္တာတရားနဲ့ ကူညီပါ…

တခြားသူတစ်ယောက်ခက်ခဲနေတဲ့အချိန်မှာ ကိုယ်ပေးလိုက်တဲ့ အကူအညီတစ်ခုဟာ သူ့အတွက်တော့ ကန္တာရထဲက အိုအေစစ်တစ်ခုပါပဲ…မေတ္တာတရားနဲ့ ကူညီပေးတက်ခြင်းမှာ စွမ်းအားတွေရှိနေတယ်…ဒီတော့ ဘဝခရီးတိုတိုလေးအတွင်းမှာ အချင်းချင်းအပြန်လှန်ကူညီရင်း ရှေ့ဆက်ကြမယ်ဆိုရင် တို့တတွေရဲ့ ဘဝဟာ သာယာပျော်ရွှင်ရမှာ အမှန်ပဲ လူငယ်။

မေတ္တာတရားနဲ့ ကူညီပါ… Read More »

ကိုယ်ဟာ အတော်ဆုံးလူတစ်ယောက်ဆိုတာ မမေ့ပါနဲ့ …

တစ်ခါတလေ လဲကျတဲ့အခါမှာ မင်းသတိရရမှာက တစ်ချိန်က ငါဟာ အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့သူဆိုတာကိုပါ…. ကိုယ့်ဘဝအတွက် ကိုယ်ဟာ အတော်ဆုံးလူတစ်ယောက်ဆိုတာကို ဘယ်အခြေနေမှာဖြစ်ဖြစ် မမေ့ပါနဲ့ …. အခုကြုံတွေ့နေတဲ့ အခက်အခဲတွေကို မင်းကျော်ဖြတ်နိုင်ပါတယ်…. ကိုယ့်ကိုကိုယ် အပြစ်တင်နေတာတွေကိုရပ်ပီး ရှေ့ဆက်လိုက်ပါ လူငယ်။

ကိုယ်ဟာ အတော်ဆုံးလူတစ်ယောက်ဆိုတာ မမေ့ပါနဲ့ … Read More »

ဝါသနာ နဲ့ အောင်မြင်မှု

ကိုယ့်ဝါသနာကို အခြေခံပြီး တီထွင်ဖန်တီးမယ့်အလုပ်မှန်သမျှမှာ ကိုယ့်အတွက် အောင်မြင်မှုတွေ ရှိပြီးသားပါ… အဲ့ဒီအောင်မြင်မှုကို ရေရှည်တည်တံ့နိုင်ဖို့ဆိုရင်တော့ စေတနာနဲ့ ကိုယ်ချင်းစာစိတ်လေး ပေါင်းထည့်ပေးလိုက်ရုံပါပဲ… ဒီတော့ ကိုယ့်အတွက်အောင်မြင်နိုင်မယ့် အလုပ်ဟာ ကိုယ့်ဆီမှာရှိနှင့်နေပြီးသားဆိုတာ သတိရပါ လူငယ်။

ဝါသနာ နဲ့ အောင်မြင်မှု Read More »

အောင်မြင်မှုကိုရဖို့ …

ကြီးမားတဲ့အောင်မြင်မှုကိုရဖို့ ကြိုးစားမှုကို ထူးခြားခြင်းနဲ့ ပေါင်းစပ်လိုက်ရုံပါပဲ….ဒီတော့ တီထွင်ပါ၊ ဆန်းသစ်ပါ၊ နည်းလမ်းသစ်တွေကို ရှာဖွေပါ၊ လက်တွေ့အသုံးချပါ အောင်မြင်မှုက သင့်ဆီကနေ ပြေးမလွတ်ပါဘူး လူငယ်။

အောင်မြင်မှုကိုရဖို့ … Read More »

ပေါင်းသင်းဆက်ဆံရေး…

လူတစ်ယောက်ရဲ့ မကောင်းတဲ့အချက်၊ အားနည်းချက်ကိုပဲ မြင်နေမယ်ဆိုရင်တော့ ပေါင်းသင်းဆက်ဆံရေးဟာ အကောင်းဘက်မှာ ရှိနေမှာ မဟုတ်ပါဘူး…သူ့မှာရှိတဲ အကောင်းတဲ့အချက် အားသာတဲ့အချက်အပေါ်မှာပဲ အာရုံစိုက်မယ်ဆိုရင်တော့ ပျော်ရွှင်ကြည်းနူးရမဲ့ ပေါင်းသင်းဆက်ဆံရေးဟာ အသင့်စောင့်ကြိုနေပါလိမ့်မယ် လူငယ်။

ပေါင်းသင်းဆက်ဆံရေး… Read More »

အပြန်လှန်လေးစားခြင်းဆိုတာ…

အပြန်လှန်လေးစားခြင်းဆိုတာဟာ အလုပ်တစ်ခုကို အလွယ်တကူအောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ အစွမ်းသတ္တိအပြည့် ရှိပါတယ်.. ဒါ့အပြင် လူမှုဆက်ဆံရေးရဲ့ ဘယ်လိုနယ်မှာပဲဖြစ်ဖြစ် အလိုအပ်ဆုံးနဲ့အရေးကြီးဆုံး အရာတစ်ခုလဲ ဖြစ်ပါတယ်…. ဒီတော့ အားစိုက်ထုတ်မှုအနည်းငယ်ကနေ အကျိုးအမြတ်များစေနိုင်မယ့်အရာကို လုပ်ဖို့တွန့်ဆုတ်နေနေဦးမှာလား လူငယ်။

အပြန်လှန်လေးစားခြင်းဆိုတာ… Read More »