မမေ့ပါနဲ့……။

ကိုယ့်ဆီက စွန့်ခွါခြင်း မခွါခြင်းဆိုတာကိုယ့်ရဲ့ တတ်ဖိုးထားခြင်း အပေါ်မှာမူတည်တယ်…’ရုပ်ဝတ္ထု သက်မဲ့ပဲဖြစ်ဖြစ်၊ခံစားချက်နဲ့ သက်ရှိဘဲဖြစ်ဖြစ်ကိုယ့်ကို စွန့်ခွါသွားခြင်းကသူတို့အပေါ်မှာထားတဲ့ကိုယ့်ရဲ့ တန်ဖိုးထား ဂရုစိုက်မှုနဲ့တိုက်ရိုက် သက်ဆိုင်နေတယ်ဆိုတာမမေ့ပါနဲ့ …’

မမေ့ပါနဲ့……။ Read More »

အောင်မြင်တယ်ဆိုတာ…

တစ်ခါတလေ ကိုယ်လုပ်နေတဲ့အလုပ်တွေအပေါ်မှာအားမလိုအားမရဖြစ်တတ်ပြီး စိတ်ပျက်လက်လျှော့တတ်ကြပါတယ်…’ဘာကြောင့်လဲဆိုတော့တိုးတက်မှုနည်းတယ်လို့ ထင်လာလို့ပါ…’တကယ်တော့…အောင်မြင်မှုတွေအားလုံးဟာသေးငယ်ပြီးတိုးတက်မှုရှိတဲ့အလုပ်လေးတွေ ပေါင်းစုပြီးမှဖြစ်လာတယ်ဆိုတာသတိမထားမိလို့ပါ လူငယ်…

အောင်မြင်တယ်ဆိုတာ… Read More »

အမှန်တရား သုံးမျိုး…..

အကြောင်းရာတစ်ခုမှာ ကိုယ့်ဘက်က အမှန်တရားရယ်၊ သူ့ဘက်က အမှန်တရားရယ်နဲ့ တကယ့်အမှန်တရားဆိုပြီး သုံးမျိုးရှိပါတယ်…ကိုယ့်ဘက်က အမှန်တရားတစ်ခုတည်းကိုဘဲကြည့်ပြီး အကြောင်းအရာတစ်ခု ပြဿနာတစ်ခုကို ဖြေရှင်းရင်တော့ဘဝအတွက် အရေးကြီးတဲ့ အရာတွေ ဆုံးရှုံးရပါလိမ့်မယ် ဒီတော့…လူငယ်ရော ဘယ်အမှန်တရားကိုကြည့်ပြီးတော့မှ ဖြေရှင်းမလဲ..ဉာဏ်လင်းအောင်- Unlock Your Futures

အမှန်တရား သုံးမျိုး….. Read More »

ရောင့်ရဲတင်းတိမ်တတ်ခြင်းမှာ …

ရောင့်ရဲတင်းတိမ်တတ်ခြင်းမှာ ပျော်ရွှင်ချမ်းမြေ့မှုတွေ ရှိတယ်… ပျော်ရွှင်ချမ်းမြေ့ခြင်းမှာ လုပ်ဆောင်ရမယ့်အလုပ်တိုင်းအတွက် အကောင်းဆုံးပြီးမြောက်နိုင်ဖို့ စွမ်းအားတွေရှိတယ်… ဒီတော့ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်ဖို့ ရောင့်ရဲတင်းတိမ်တတ်ခြင်း လိုတယ်ဆိုတာကို လူငယ် မေ့မနေပါနဲ့ …

ရောင့်ရဲတင်းတိမ်တတ်ခြင်းမှာ … Read More »

​ပေါင်းသင်းဆက်ဆံရေးကောင်းချင်တယ်ဆိုရင်

အနစ်နာခံမှု၊ သည်းခံတတ်မှုကို ရိုးအခြင်းဆိုတာနဲ့ ရောတတ်ကြတယ်… ဒီတော့ နားလည်မှုတွေ လွဲကုန်ရော… တကယ်တော့ ပေါင်းသင်းဆက်ဆံရေးကောင်းတစ်ခုဆိုတာ အေးအတူပူအမျှစိတ်မရှိဘဲ မရနိုင်ဘူးဆိုတာ မမေ့ပါနဲ့လူငယ်…

​ပေါင်းသင်းဆက်ဆံရေးကောင်းချင်တယ်ဆိုရင် Read More »

မတူတာဆွေးနွေးပေးပါ…။

ဝန်ထမ်းတွေဆီက High Productivity လိုချင်ရင်နားချိန် လုံလုံလောက်လောက် ပေးပါ မိသားစုပုံစံ..လုပ်ငန်းတွေမှာ..အတွေ့များနေတာက ၁။ လစာနည်းတယ်..ဒါပေမယ့်..အရေးကြုံရင်..ဘော့စ်က..ပြန်ကြည့်ပေးတယ် ၂။ သတ်မှတ်ထားတဲ့ အလုပ်ချိန်ရှိတယ်..ဆိုပေမယ့်..၁လမှာ ရက် ၂၀လောက်အချိန်ပို လုပ်ရတယ်.ဒါပေမယ့်.လဲ.ဘော့စ်ကိုထောက်ထားရမယ့် ကျေး ဇူးကြောင့်..အချိန်ပိုကြေးမတောင်းရက်ဘူး..ဘောစ့်ကလဲ..မုန့်ဖိုးပေးချင်ပေးမယ်..ထမင်းဝယ်ပေးချင်ပေးမယ်..အချိန်ပိုကြေးတော့မသတ်မှတ်ပေးနိုင်ဘူး ၃။ နားရက်ယူချင်ရင်ရတယ်..ဒါပေမယ့်..သတ်မှတ်နား ရက်မရှိဘူး..ဘော့်စ်ကိုတင်ပြမှနားရတယ် ၄။ ၁ရက်က ၂ရက်နားရင်..ဘော့စ်မျက်နှာညိူးတယ်ဒါပေမယ့်..တကယ်နေမကောင်းရင်တော့..ဘော့စ်က..အပိုငွေ..ဆေး နဲ့ လက်ဆောင်တွေပါထောက်ပံ့တဲ့..အရမ်းသိတတ်တဲ့ဘောစ့်ဖြစ်တယ် ၅။ ဘော့စ်ရဲ့ခံယူချက်က..သူ့ဝန်ထမ်းတွေကို သူ့လုပ်ငန်းကို ကိုယ့်လုပ်ငန်းလို့သဘောထားစေချင်တယ် အလုပ်ကိုသူအချိန်ပေးသလိုပေးစေချင်တယ်..ကြိုးစားရုန်းကန်ဆဲမို့..လစာအများကြီးမပေးနိုင်ဘူး..ဒါပေမယ့်မိုးထဲရေထဲဆို..သူကဝန်ထမ်းတွေကိုပစ်ထားမှာမဟုတ်ဘူး..ဒါကိုဝန်ထမ်းတွေကနားလည်ထားတယ်လို့ထင်တယ် ဒီလိုစနစ်နဲ့ခုထိ လည်ပတ်နေတဲ့လုပ်ငန်းကြီးတွေရှိနေသေးတာကို..ဒီနေ့..Coaching Session တစ်ခုကြောင့်…ကျနော်သိလိုက်ရတယ် ဒီစနစ်ဟာ..လက်ရှိမှာ..အဆင်ပြေသယောင်ရှိပေမယ့်.ရေရှည်မှာ..ဘောစ့်အတွက်..လုပ်ငန်းထိခိုက်မယ့်စနစ်ဖြစ်ပါတယ် ဘောစ့်မသိတာက..ဝန်ထမ်းတွေဟာ.သူ့ရဲ့သားသမီးအရင်းတွေမဟုတ်ဘူး..သူ့ရဲ့မိသားစုမဟုတ်တဲ့လူသားတွေဖြစ်တယ်..ဒါကြောင့်..သူတိူ့အလုပ်လို့ခံယူနိုင်ဖို့..အတွက်ခက်တယ်..လုပ်လို့ရတဲ့နည်းတော့ရှိတယ်…ဒါပေမယ့်သူမသိတော့လုပ်နည်းလွဲနေတယ် ဝန်ထမ်းတွေဟာ လူသားတွေမို့..အနားယူဖို့လိုအပ်တယ်.. တစ်ကိုယ်ရည်..လိုအပ်ချက်အရ.တစ်ပတ်စာအဝတ်တွေပေါင်းလျှော်ရတာမျိုး.စျေးဝယ်..အပြင်ထွက်..ရုပ်ရှင်ကြည့်.သူငယ်ချင်းတွေနဲ့လျှောက်လည်ဆိုတာမျိုးတွေလုပ်ဖို့လိုအပ်ကြတယ်. အချိန်ပြည့်အလုပ်ထဲမှာထည့်ထားရင်..လူပဲရှိမယ်..စိတ်ကအပြင်မှာဖြစ်လိမ့်မယ် စိတ်မပါတဲ့အလုပ်အတွက်..အမှားယွင်းတွေ..ပြီးမြောက်မူအားနည်းတာတွေကမသိမသာကနေသိသိသာသာတွေများလာလိမ့်မယ် နောက်ဆုံးအလုပ်ကိုပစ်ထားခဲ့မယ်သူတွေများလာလိမ့်မယ် ဆက်ပြောစရာတွေရှိသေးတယ်ဒါမယ့်..စာရှည်မှာစိုးလို့ရပ်ပါမယ် နောက်ရက်ဆက်ပြောနိုင်ရင်ပြောပါမယ် ဝန်ထမ်းနဲ့ဘောစ့် ၂ဖက်လုံးကိုအဆင်ပြေစေချင်ပါတယ်ကိုယ့်ရုံးနဲ့တိုက်ဆိုင်တာ..မတူတာတွေရှိရင်..ဆွေးနွေးပေးကြပါ#မိသားစုပုံစံလုပ်ငန်း

မတူတာဆွေးနွေးပေးပါ…။ Read More »