ရင်ဆိုင်ပါ၊ကျော်ဖြတ်ပါ လူငယ်…..

ဒီအချိန်မှာ လူတိုင်း အနဲနဲ့အများစိတ်ဓါတ်ကျ.. ကြတယ်ကျနော်လဲကျတယ်ကျကြတာချင်းတူပေမယ့်.Control လုပ်နိုင်တာခြင်း..ကွာတယ်ဦးနှောက်နဲ့..နှလုံးသားကိုဘယ်လို Control လုပ်လဲဘယ်လောက် Control လုပ်နိုင်လဲအပေါ်မှာရလာဒ်တွေကွာသွားတယ်ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါဖြစ်သင့်တာကို..လုပ်ကိုင်နိုင်ခြင်းဟာလဲအရည်အချင်းတစ်ခုပဲဒါ့ကြောင့်..ကြုံလာသမျှ..ကိုရင်ဆိုင်ပါ…ကျော်ဖြတ်ပါ..လူငယ်ဉာဏ်လင်းအောင် (Unlock your future)

ရင်ဆိုင်ပါ၊ကျော်ဖြတ်ပါ လူငယ်….. Read More »

ကူညီဖေးမပါ…..

အပြုံးတစ်ခုဟာ အပြုံးပိုင်ရှင်ရဲ့ အလှတရားဆိုရင်၊ ကူညီတတ်ခြင်းဟာလဲ လောကကြီးအတွက် အလှတရားတစ်ခုပါပဲ…အခက်အခဲတွေ ရင်ဆိုင်နေရတဲ့လူတွေကို ကူညီပါ ဖေးမပါ…ဒါဆိုရင် လောကကြီးသာမက ကိုယ့်ဘဝပါ ပိုလှပလာပါလိမ့်မယ်…လူငယ်ရော ကူညီတတ်တဲ့သူတစ်ယောက် ဖြစ်ပြီလား…ဉာဏ်လင်းအောင်- Unlock Your Futures

ကူညီဖေးမပါ….. Read More »

လူချစ်လူခင်တစ်ယောက် ဖြစ်ဖို့

လူချစ်လူခင်ပေါများတဲ့ လူတစ်ယောက်ဖြစ်လာဖို့ဆိုရင် ပြုံးပါ၊ နားထောင်ပါ၊ ဝေဖန်အကဲဖြတ်ခြင်းကို ရှောင်ကျဉ်ပါ၊ စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်ပါ၊ ကိုယ့်ရဲ့အမှားအတွက် အမြန်းဆုံးတောင်းပန်ပါ… လူတွေကိုယ့်ကို စိတ်ဝင်စားလာအောင် အမြဲတမ်းလုပ်မနေပါနဲ့… ဒီအချက် ၆ ချက်ထဲက ဘယ်နှစ်ချက် လူငယ့်ဆီမှာ ရှိထားပြီးပြီလဲ… ဉာဏ်လင်းအောင်- Unlock Your Futures

လူချစ်လူခင်တစ်ယောက် ဖြစ်ဖို့ Read More »

လူဖြစ်လာရင် လူသားတစ်ယောက် ရဲ့ တာ၀န်ကျေရပါတယ်

သေရင်ကိုယ့်နောက် ဘာမှမပါဘူးဆိုရင်မသေခင်မှာရော..ဘာမှမပါပဲ..နေလို့ရလား.. ပျင်းတာကို..တရားနဲ့ရောမချပါနဲ့ …လူငယ်ဘုရားသားတော်အဖြစ်ခံယူပြီး..သံသရာက တကယ်ထွက်အောင်..အားထုတ်နိုင်ရင်ထုတ် မထုတ်နိုင်ရင်တော့..တာဝန်ယူပါ သေရင်ကိုယ့်နောက်မပါဘူးဆိုပြီး..ထိုင်နေတာဟာ ကိုယ်အနေချောင်ဖို့..ဘုရားရဲ့…တရားကို..အသုံးချတာပါ တရားရှိတာနဲ့..ပျင်းတာ…ဟာ..ဘယ်လိုမှ..မအပ်စပ်ပါ လူဖြစ်လာရင်..လူသားတစ်ယောက်ရဲ့တာဝန်ကျေရပါတယ် ခွေးဆိုရင်တော့..အိပ်..စား..ကာမ..၃ခု တာဝန်ကျေရင်ရပီပေါ့ လူပီသဖို့..တာဝန်ကျေဖို့..လိုတယ် ဒါကြောင့်..အခုထ..အလုပ်လုပ်တော့..လူငယ် လူပီသပါစေစကားတွေကြမ်းသွားရင်ခွင့်လွှတ်ပါ ချစ်လို့ပြောတယ်မှတ်ပါ

လူဖြစ်လာရင် လူသားတစ်ယောက် ရဲ့ တာ၀န်ကျေရပါတယ် Read More »

အောင်မြင်သူတိုင်း ခက်ခဲကြတယ်

အောင်မြင်သူတိုင်း ခက်ခဲခဲ့ကြတယ်…အဲ့ဒီအခက်အခဲတွေကို ရုန်းကန်ကျော်လွှားခဲ့ရတယ်…အခုနည်းလမ်းကြောင်းတွေ အဆင်သင့်ရှိနေပြီ…ခွန်အားတွေလည်း ပြည့်စုံနေပီ ၊ အတွေ့အကြုံတွေလည်း လတ်ဆတ်နေပြီ…အခု အချိန်ရှိတုန်းမှာ လူငယ်ရော ဘာလုပ်မှာလဲ…?အခွင့်အရေးဆိုတာ ကြိုးစားနေသူတွေအတွက်သာ ရလေ့ရှိတယ်ဆိုတာ မမေ့ပါနဲ့ လူငယ်….

အောင်မြင်သူတိုင်း ခက်ခဲကြတယ် Read More »

ကိုယ်ပေးတာ ကိုယ်ပြန်ရတာပဲ…

ကိုယ်ပြုမူလိုက်တဲ့ သက်ရောက်မှုတိုင်းဟာ ကိုယ့်ဆီကို တန်ပြန်သက်ရောက်ကြတယ်။ ကိုယ်က ဒေါသတွေပေးရင် ကိုယ့်ဆီကို ပူလောင်မှုတွေ ပြန်လာမယ်။ ကိုယ်က ဂရုဏာတရားပေးရင် ပျော်ရွှင်ချမ်းမြေ့မှုတွေ ပြန်ရတယ်။ ဒါကြောင့် ကိုယ့်အပေါ် ပြုမူဆက်ဆံစေချင်တယ့်အတိုင်း တစ်ပါးသူအပေါ်ကို ကိုယ်ကပြုမူဆက်ဆံပါ လူငယ်။

ကိုယ်ပေးတာ ကိုယ်ပြန်ရတာပဲ… Read More »