ကြိုးစားအားထုတ်မှုပဲလိုတာပါ

ကြီးမားတဲ့အောင်မြင်မှု့ကို ရဖို့အတွက် သတ္တိနဲ့ ကြိုးစားအားထုတ်မှု့ပဲလိုတာပါ ။အဲဒီ ၂ ခုစလုံးမင်းဆီမှာရှိနေတယ်၊ ဘာကြောင့်များ အချိန်တွေစောင့်ဆိုင်းနေဦးမှာလဲ?အခုပဲကြိုးစားလိုက်စမ်းပါ။ဉာဏ်လင်းအောင်(Unlock Your Future)

ဆင်ခြေတွေမေ့လိုက်ပါ

မင်းဆင်းရဲနေသ၍ အနိုင်ကျင့်ခံနေရဦးမှာပဲ အနိုင်ကျင့်မခံနိုင်ရင်..ဆင်းရဲတွင်းကနေအမြန်ထွက်ဖို့လိုတယ် လူမသေငွေမရှားဆိုတဲ့စကား..ဒီနေ့အထိမလွဲသေးဘူး ဆင်ခြေတွေပေးနေသ၍..မင်းဆင်းရဲချင်နေလို့ပဲလို့..ပြောရမယ် ချမ်းသာချင်ပြီဆိုရင် ဒီနေ့ပဲ..ခုန်ထွက်ပါ အသေကြေကြိုးစားပါ. ချမ်းသာခြင်းကလွဲလို့..မင်းမှာရွေးစရာမရှိဘူး ဆင်ခြေတွေမေ့လိုက်ပါ ဒါပေမဲ့..ကိုယ်ချင်းစာဖို့တော့..မင်းမမေ့ပါနဲ့

လူငယ်ဟာ အခု အသက်၆၀အရွယ်ကိုရောက်နေပြီဆိုပါဆို့

လူငယ် ဟာ အခု အသက် ၆၀ အရွယ်ကို ရောက်နေပြီဆိုပါစို့၊ ကျန်းမာရေးလဲ သိပ်မကောင်းဘူးထားပါတော့၊ အဲဒီအချိန် စာရွက်ထဲမှာ ကိုယ် ငယ်ငယ် တုန်းက လုပ်ချင်ခဲ့ပြီး မလုပ်ခဲ့ရတာတွေ ၊ တခြားသူတွေဝေဖန်မှာစိုးလို့ မလုပ်ခဲ့ရတာတွေချရေးရမယ်ဆိုရင် ဘာတွေဖြစ်မလဲ? အဲဒီတော့ပြောချင်တာက အခုငယ်ရွယ်တုန်းမှာ ကိုလုပ်ချင်တာတွေလုပ်ပါ ၊ ခရီးတွေထွက်ပါ၊ ကိုမြတ်နိုးတဲ့ အရာတွေနောက်ကိုလိုက်ပါ ၊ ကျန်းမာရေးကောင်းအောင်နေပါ ငွေနောက်ပဲအမြဲတမ်းလိုက်မနေပါနဲ့၊ ကိုယ့်ကို မချစ်တဲ့သူတွေနဲ့မနေပါနဲ့ ၊ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့နေပါ၊ အားလုံးကို အမြဲကျေးဇူးတင်ပါ၊ ကမ္ဘာပေါ်မှာ ၁ စက္ကန့်တိုင်းမှာ လူ ၂ ယောက်သေနေကြ တယ်၊ အဲဒီထဲမှာကိုယ်မပါပဲ၊ အခုချိန်မှာ အသက်ရှူခွှင့် ရနေတာကိုက အရမ်းကံကောင်းနေလို့ပါ။ Win-win-win situation ကိုတော့နားလည်ရမှာပေါ့။ မှတ်ချက် ။ ။ စွန်လွှတ်နေတဲ့လူငယ်အာဇာနည်များကိုလေးစား …

လူငယ်ဟာ အခု အသက်၆၀အရွယ်ကိုရောက်နေပြီဆိုပါဆို့ Read More »

ကြိုးစားပါ

ရေကန်ထဲပြုတ်ကျတိုင်းမသေဘူး ရေမကူးပဲ လက်လျှော့လိုက်မှသေတာပါ ဉာဏ်လင်းအောင် ( Unlock Your Futures)

ချစ်လို့ပြောတာပါ

ချစ်လို့​ပြောတာပါ ကိုယ်ကအားကျလေးစားရသူမဟုတ်ပဲ..ကိုယ်ကသူနဲ့လိုက့်ပီးယှဥ်နေမိရင် သူ့လိုဖြစ်အောင်လဲမလုပ်နိုင်..ကိုယ့်ကိုကိုယ်လဲ..အားမရဖြစ်ပြီး..အငုံ့စိတ်..အားငယ်စိတ်တွေ..ဖြစ်လာတတ်တယ် ကိုယ်အားကျလေးစားလို့..လိုက်ပြီးနိူင်းယှဥ်တာဆိုရင်တော့ ကိုယ်တိုင်ကအားကျရတာမို့..သူ့လို့ဖြစ်အောင်..လိုက်လုပ်ချင်..လာလိမ့်မယ် ကိုယ်တိုင်ဖြစ်ချင်တဲ့..ဘဝမို့..ကြိုးစားရတာကိုကျေနပ်လိမ့်မယ် အဆုံးမှာ..ကိုယ်အားကျရသူအတိုင်းဖြစ်လာနိုင်သလို..သူ့ထက်လဲပိုသာတဲ့သူဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ် ဒါ့ကြောင့်.နိူင်းယှဥ်ဖို့လိုမယ်ဆိုရင်.ကိုယ့်ရဲ့ Idol နဲ့သာနိူင်းယှဥ်ပါ မဟုတ်တဲ့သူနဲ့နိူင်းယှဥ်ပြီး.မလိုအပ်ပဲ.အားငယ်စိတ်တွေ အဝင်မခံပါနဲ့.. ချစ်လို့ပြောတယ်မှတ်ပါ…လူငယ်

ကိုယ်တိုင်ပဲ ဖြေရှင်းရပါလိမ့်မယ်

“ကျွန်တော်တို့ဘ၀မှာ ပြဿနာတွေရှိတယ်။ အခက်အခဲတွေရှိတယ်။ အဲဒီပြဿနာတွေ၊ အခက်အခဲတွေကလည်း တကယ်တမ်းပြောရရင် ကိုယ့်ဘ၀အောင်မြင်တိုးတက်ဖို့၊ ကိုယ့်ဘ၀ ဒီထက်တစ်ဆင့်တက်ဖို့အတွက် လုပ်ပေးနေတဲ့အရာတွေပဲဖြစ်ပါတယ်။ အဲဒီပြဿနာတွေကို ဘယ်သူ့ကိုမှ ဖြေရှင်းခိုင်းလို့မရပါဘူး။ ကိုယ်တိုင်ပဲဖြေရှင်းရပါလိမ့်မယ်။” ညဏ်လင်းအောင်( Unlock Your Futures)