Blog

ခုကစပြီးပြောင်းလဲပါလူငယ်

အောင်မြင်သူတွေဟာ… ၁။ ဖြတ်လမ်းကို…မယုံကြည်ဘူး..တစိုက်မတ်မတ်ကြိုးစားခြင်းကိုပဲယုံကြည်တယ်. ၂။ ကယ်တင်ရှင်ကို.မစောင့်စားဘူး..ကိုယ်သာလျှင်..အားကိုးရာလို့..ခံယူတယ် ၃။ အပြောနဲ့အချိန်မကုန်ပါဘူး..လက်တွေ့လုပ်ရတာကိုပဲကြိုက်ပါတယ် ၄။ အတိတ်ကို..စိတ်မဝင်စားဘူး…ပစ္စုပ္ပန်ကိုပဲ..အသုံးချတတ်တယ်.. ၅။ ပြသနာကိုမကြောက်ဘူး..ဖြေရှင်းနည်းကိုပဲ….ရှာဖွေတယ် ၆။ အချိန်ဖြုန်းတာကိုမုန်းတယ်..အချိန်ဟာ..ငွေလို့ခံယူတတ်တယ်.. ၇။ အခက်ခဲတွေ့ရင်ပျော်တယ်..စိန်ခေါ်မူလို့..သတ်မှတ်တယ် ၈။ မနာလိုမူထက်..ယှဉ်ပြိုင်လိုမူ..ကို.လိုလားသူတွေဖြစ်တယ် ၉။ ပြိုင်ဖက်ကိုတွန်းချဖို့ထက်..ကိုယ့်ကိုကိုယ်..တည်ဆောက်ဖို့သာ..အချိန်ပေးတယ် ၁၀။ အသစ်သစ်တွေကို..ရှာဖွေရတာ..ရင်ခုန်တတ်ကြသူတွေဖြစ်တယ်.. ဒါတွေဟာ ..အောင်မြင်သူတို့ရဲ့..လက္ခဏာတချို့ဖြစ်ပါတယ် ဒါတွေအားလုံးကို..ပြောင်းပြန်လုပ်တတ်သူတွေဟာ..ကျရူံးသူတွေပါပဲ.. အောင်မြင်သူတွေရဲ့..အောင်မြင်ပြီးရင်အောင်မြင်လာတဲ့အဓိကအချက်ကတော့.ဘယ်တော့မှ..ရပ်တန့်မနေတာပါပဲ.. သူတို့မသိသေးတဲ့..အရာတွေကို..စူးစမ်းလေ့လာနေတတ်ခြင်းဟာ..အောင်မြင်သူတွေရဲ့လျိူ့ဝှက်ချက်ဖြစ်တယ် အရေးကြီးဆုံးနောက်တစ်ခုက …သိန်းသောင်းချီရှာနိုင်မှ..နာမည်တွေဟိုးလေးတကျော်ကြီးလာမှ..အောင်မြင်မူ လို့သတ်မှတ်ရမှာမဟုတ်ပါဘူး အကျိုးရှိတဲ့စာအုပ်တစ်အုပ်ဖတ်လို့ပြီးသွားတာ.မနေ့ကထက်..ငွေ ၁၀၀၀ ပိုဝင်အောင်ရှာနိုင်တာ.. Facebook နဲ့ Game ကို အချိန်အတိကျနဲ့သုံးဖြစ်သွားတာ ဒါမျိုးလေးတွေဟာလဲ..အောင်မြင်မူပါပဲ..၁နှစ်သားကလေးအတွက်…လမ်းစလျှောက်တတ်ခြင်းဟာ..အကြီးမားဆုံးအောင်မြင်မူဖြစ်သလို.. ကိုယ့်အတွက်လဲ..အရင်ကမလုပ်နိုင်ခဲ့တဲ့..သေးသေးလေးတွေကို စပြီးပြီးမြောက်အောင်လုပ်လာနိုင်ခြင်းဟာ.အောင်မြင်မူပါပဲ ဒီလိုသေးသေးလေးတွေ..ကို.အောင်မြင်လာတဲ့အခါ..အကြီးကြီးတွေကိုအောင်မြင်အောင်လုပ်ဖို့..လွယ်ကူလာ ပါလိမ့်မယ်..မယုံရင်စမ်းကြည့်ပါ..ကျနော့်ကိုယ်တွေ့ပါ.. .ကျနော်ဟာ..နေ့တိုင်းအောင်မြင်နေသူတစ်ယောက်ပါ.. ကျနော့်လူငယ်တွေကိုလဲ..နေ့တိုင်းအောင်မြင်နေသူတွေဖြစ်စေချင်ပါတယ်..ဒါ့ကြောင့်ကြိုးစားကြပါ Nyan Lin Aung (Unlockyour futures)

ချစ်လို့ပြောတာမှတ်ပါလူငယ်

သူဌေးတွေဟာ ဆင်းရဲသားတွေကို မုန်းတယ်ဆင်းရဲသားတွေ…ဂိမ်းဆော့နေချိန်မှာ..သူဌေးတွေ..အလုပ်လုပ်ခဲ့ရတယ်ဆင်းရဲသားတွေ….ဖုန်းသုံးနေချိန်မှာ..သူဌေးတွေ…အလုပ်လုပ်ခဲ့ရတယ်ဆင်းရဲသားတွေ…အိပ်နေချိန်မှာ..သူဌေးတွေ..အလုပ်လုပ်ခဲ့ရတယ်.ဆင်းရဲသားတွေ…ချစ်သူနဲ့ပျော်ရွှင်နေချိန်မှာ..သူဌေးတွေ…အချိန်မပေးနိုင်ခဲ့ကြဘူးဆင်းရဲသားတွေ….မဖြစ်နိုင်ဘူးလို့…ငြီးငြူနေတဲ့အရာတွေကို..သူဌေးတွေက.မဖြစ်ဖြစ်တဲ့နည်းရှာကြံပြီး… ကြိုးစားခဲ့ရတယ်..ဆင်းရဲသားတွေ…တစ်ရက်စာ၊တစ်လစာအတွက်ပဲပူတဲ့အချိန်မှာ…သူဌေးတွေဟာ..၅နှစ်စာကနေ နှစ် ၁၀၀ စာလောက်ထိပူခဲ့ရတယ်….ဒ့ါကြောင့်….သူဌေးတွေဟာ…ဘာမှမလုပ်ပဲ..ဇိမ်ကျနေတဲ့…ဆင်းရဲသားတွေမုန်းကြတာဖြစ်တယ်..ဒီလိုနဲ့..အချိန်တစ်ခုရောက်တဲ့အချိန်မှာ…သူဌေးတွေကို..ဆင်းရဲသားတွေက.ပြန်.မုန်းလာကြတယ်ဆင်းရဲသားတွေကထင်တယ်…သူဌေးတွေဆိုတာ..အချိန်ပြည့်..ဇိမ်နဲ့နေရတယ်..ဆင်းရဲသားကထင်တယ်…သူဌေးဆိုတာ..ရေကန်အသင့်ကြာအသင့်..ချမ်းသာလာတာဖြစ်တယ်ဆင်းရဲသားကထင်တယ်…သူဌေးတွေဟာ..ဆင်းရဲတဲ့ဘဝ…အကြောင်းနားမလည်ကြဘူးဆင်းရဲသားကထင်တယ်..သူဌေးတွေချမ်းသာခြင်းဟာ..အထောက်ပံ့ကောင်းတွေရှိလို့ပါဆင်းရဲသားကထင်တယ်..သူဌေးတွေဟာ…ခေါင်းပုံဖြတ်ကြတယ်ဆင်းရဲသားကထင်တယ်…သူတို့ဘယ်လောက်ကြိုးစားကြိုး စား. .သူဌေးတွေလို..မချမ်းသာနိုင်ဘူးဆင်းရဲသားတွေကထင်တယ်…သူဌေးဆိုတာ..မဟုတ်တာတွေလုပ်လို့..ချမ်းသာလာတာဆင်းရဲသားတွေကထင်တယ်…ရောင့်ရဲတင်းတိမ်ခြင်းဟာ..ဘဝကိုအေးချမ်းစေတယ်ဆင်းရဲသားတွေကထင်တယ်…ချမ်းသာခြင်းဆိုတာ..ဖန်ဆင်းရှင်တစ်ယောက်ယောက်ဆီကလာတယ်.ဆင်းရဲသားတွေကထင်တယ်…အခွင့်ရေးဆိုတာ ..သူ့အလိုလိုရောက်လာတတ်တယ်..ဆင်းရဲသားကထင်တယ်..ဆင်းရဲသားဘဝကနေ..ချမ်းသာသွားသူတွေဟာ…ကံကောင်းလိုသာဖြစ်တယ်ဆင်းရဲသားကထင်တယ်..သူဌေးတွေဟာ..ဆင်းရဲသားတွေဆိုမကူညီချင်ဘူးဒ့ါကြောင့် ဆင်းရဲသားတွေဟာ..သူဌေးတွေကို မုန်းလာကြတာဖြစ်တယ်တကယ်တော့…ကိုယ်တိုင်.ရိုးသားကြိုးစားပြီးတိုးတက်အောင်မြင်လာတဲ့ သူဌေးတွေဟာ..ဘဝကိုဖြစ်သလိုနေတတ်တဲ့..ကံကိုပဲပုံချတတ်တဲ့.. ဆင်းရဲ ..သားတွေကို..ကူညီလေ့မရှိဘူးသူတို့လို..ရိုးသားကြိုးစားလာတဲ့..ဆင်းရဲသားကိုတော့ ..လက်တွဲကူညီတတ်ကြတယ်…ကိုယ်တိုင်..နေ့မအိပ်ညမအိပ်..အားထုတ်ကြိုးစားခဲ့လို့..ရလာတဲ့…စည်းစိမ်ချမ်းသာ တွေနဲ့..ဂိမ်းဆော့လိုက် ရည်းစားထားလိုက်..အိပ်လိုက်နဲ့အချိန်ကုန်တတ်တဲ့..ဆင်းရဲသားတွေကို..ဘယ်တော့မှ..ကူညီမှာမဟုတ်ပါဘူးမှတ်ထားပါ..လူငယ်တစ်ယောက်..မဆုတ်မနစ်..ကြိုးစားနေပြီ…ဆိုရင်..သူဌေးလို့ခေါ်နိုင်ပါတယ်.လူငယ်တစ်ယောက်..ဖြစ်သလိုနေနေပြီဆိုရင်..မိဘကချမ်းသာလဲ..ဆင်းရဲသားလို့ခေါ်ပါတယ်..မှတ်ထားပါ..ချမ်းသာဖို့..အောင်မြင်ဖို့…ဆန္ဒပြင်းပြလွန်းတဲ့…လူငယ်အတွက်..မဖြစ်နိုင်ဘူးဆိုတဲ့အခက်ခဲ့ဟာ..အခွင့်ရေးအဖြစ်ပြောင်းသွားပါတယ်.ဒါ့ကြောင့်..ဂိမ်းဆော့ရင်း..ဖုန်းကိုင်ရင်း..ရည်းစားနဲ့အချိန်ကုန်ရင်း..ကပ်ကြီးသုံးပါးကို…ထိုင်အပစ်ပြောရင်း..အချိန်ကုန်နေသ၍..လူငယ်ဆင်းရဲနေဦးမှာပါပဲချစ်လို့ပြောတယ်မှတ်ပါ..လူငယ်မှတ်ချက်။ ။ မူမမှန်တဲ့နည်းနဲ့ ချမ်းသာလာတဲ့သူဌေး နဲ့ ကြိုးစားရဲ့သားနဲ့ ရည်ရွယ်ချက်ရှိရှိ အတိုက်ခိုက်ခံရလို့ မွဲသွားတဲ့ ဆင်းရဲသာများကို မဆိုလိုပါ.Editကျနော်ဟာ..စက်ဘီးတစ်စီးနဲ့..ဘဝကို..စပြီးရုန်းကန်ခဲ့ရတဲ့လူငယ်တစ်ယောက်မို့..ဘယ်တုံးကမှ..ဆင်းရဲသား..မဖြစ်ဖူးပါဘူးခင်ဗျာဉာဏ်လင်းအောင် (Unlock Your Futures)

ကျိကျိတတ်ချမ်းသာခြင်းဆိုတာ

မဟာဗျူဟာကျတဲ့ အစီအစဉ်ရယ် ၊ကောက်ရိုးမီးလိုမဟုတ်ဘဲအမြဲတမ်းတဟုန်းဟုန်း တောက်လောင်နေတဲ့ချမ်းသာချင်တဲ့စိတ်ဓါတ်ရယ် ၊ပေါင်းနိုင်ရင် ကျိကျိတတ်ချမ်းသာခြင်းဆိုတာ မင်းအတွက်မလွဲမသွေပိုင်ဆိုင် ရမဲ့ အရာပဲဖြစ်တယ်။ဉာဏ်လင်းအောင်(Unlock Your Future)

Super Coach တွေဖြစ်အောင်ကျနော်တွဲခေါ်သွားပါမယ်

ခေါင်းမာပြီးတော်ရုံလက်မခံတတ် ကိုယ်မှန်တယ်ထင်ရင် သိကြားမင်း ဆင်းပြောတောင်လက်မခံဘူးဆိုတဲ့သူတွေကို ကိုင်တွယ်နိုင်မယ့် အကောင်းဆုံးနည်းက Coaching ပဲ.. အဲ့လိုလူတွေကိုတောင်..ကိုင်တွယ်နိုင်တယ်ဆိုရင်..သာမာန်လူတွေအတွက်ဆို..Result ထွက်ဖို့ အရမ်းလွယ်သွားပြီမနေ့က ကျနော့်ရဲ့ Coach တွေကို အခမဲ့ မွမ်းမံအတန်းလေးလုပ်ပေးဖြစ်တယ် ဒီကနောက် ကျနော့် Coach တွေကို Client တွေ လက်မလွှတ်နိုင်တဲ့ Super Coach တွေဖြစ်အောင် ကျနော် တွဲခေါ်သွားပါမယ် Plan တွေလဲချပြီးပြီ

See you on saturday!!!

တစ်ချို့သောလူငယ်တွေရဲ့ တောင်းဆိုချက်အရ ကျွန်တော့ရဲ့ Facebook Live ကို ဗုဒ္ဓဟူးနေ့အစား စနေနေ့တိုင်းထုတ်လွှင့်ပေးမှာဖြစ်ပါတယ်ခင်ဗျား။ စနေနေ့ညမှရှိပါမယ်။ See you on Saturday !!

ကြိုးစားအားထုတ်မှုပဲလိုတာပါ

ကြီးမားတဲ့အောင်မြင်မှု့ကို ရဖို့အတွက် သတ္တိနဲ့ ကြိုးစားအားထုတ်မှု့ပဲလိုတာပါ ။အဲဒီ ၂ ခုစလုံးမင်းဆီမှာရှိနေတယ်၊ ဘာကြောင့်များ အချိန်တွေစောင့်ဆိုင်းနေဦးမှာလဲ?အခုပဲကြိုးစားလိုက်စမ်းပါ။ဉာဏ်လင်းအောင်(Unlock Your Future)