Blog

ကိုယ့်ဘ၀ ကိုတန်ဖိုးထားပါ

လောကကြီးကထဲက အလှပဆုံးဘ၀တစ်ခုဟာ မင်းပိုင်ထားတဲ့ဘ၀တစ်ခုပါ။ ဒီတော့ ကိုယ့်ဘ၀ကို တန်ဖိုးထားပါ၊မြတ်နိုးပါ။ မင်းဘ၀လောက်လှပတဲ့အရာ ကမ္ဘာကြီးပေါ်မှာ မရှိသေးပါဘူး။

သူနေရာမှာငါသာဆိုရင်

သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ စိတ်ကလေးနဲ့ပြောဆိုဆက်ဆံမယ်ဆိုရင် ဒီကမ္ဘာလောကကြီးဟာ အလှပဆုံးနေရာ တစ်ခုအဖြစ်တည်ရှိနေမှာ။ လူတိုင်းအပေါ်မှာ ကိုယ်ချင်းစာစိတ်ထားပါ။ ဉာဏ်လင်းအောင် ( Unlock Your Future)

တောင်းခံသူလား….ပေးဝေသူလား

ကျနော့် အမျိုးသမီးကို ကျနော်..အားကျတယ်.. သူ့မှာ..အားကိုးရမယ့်..လင်ယောက်ျားရှိတယ် ကျနော့်..သားလေးကို..ကျနော်..အားကျတယ်. သူ့မှာ…သူပူဆာသမျှ ဖြည့်ဆည်းပေးမယ့်..အဖေရှိတယ် ကျနော့်ရဲ့ နှစ်ဖက်မိဘကို..ကျနော်..အားကျတယ်.. သူ့တို့မှာ…နောင်ရေး..ရင်အေးအောင်..ထောက်ပံ့ပေးမဲ့သား /သမက်…ရှိတယ် ကျနော့်ညီကို..ကျနော် ..အားကျတယ်. သူ့မှာ ..ရှေ့ဆောင်လမ်းပြပေးမယ့်..အကိုရှိတယ် ကျနော့်..ဝန်ထမ်းတွေကို.ကျနော်.အားကျတယ်.. သူတို့မှာ..လစာပုံမှန်ပေးနိုင်မယ့်..အလုပ်ရှင်ရှိတယ် ဒါပေမယ့်…. ဒီလောကကြီးမှာ ကျနော်အားအကျဆုံး..လူသားက..ကျနော်ပါပဲ လင်သားတစ်ယောက် ..ဖခင်တစ်ယောက် သားတစ်ယောက် အကိုတစ်ယောက် အလုပ်ရှင်တစ်ယောက် အနေနဲ့….တာဝန်ကျေအောင်ကြိုးစားနေတဲ့ ကျနော့်ကိုယ် ကျနော်သာအားအကျဆုံးပါ တောင်းခံနေရတာထက်..ပေးဝေနေရတဲ့..နေရာကို..ကျနော်..ပိုလိုလားတယ် လက်ဖြန့်တောင်းရတဲ့ဘဝထက်..လက်ဆန့်ပေးဝေနိုင်တဲ့..ဘဝကို .ပိုလိုလားတယ် မှီခိုရတာထက်..အားကိုးခံရမူကို..ပိုလိုချင်တယ် ကျနော့်..လူငယ်တွေရော..ဘယ်နေရာမှာရှိနေမလဲ ဘယ်နေရာကို..ရွေးချယ်ချင်လဲ တောင်းခံသူလား…ပေးဝေသူလား ပြောခဲ့ပေးပါ ခင်မင်လေးစားစွာဖြင့် ဥာဏ်လင်းအောင်

One Year Already

မနှစ်က..ဒီညမှာ..ကျနော် Life Coaching batch-6 သင်နေခဲ့တာ ပေါ့ထူးထူးခြားခြား ည၁၀နာရီ ပြီးရမဲ့အတန်းက မေးကြဖြေကြ..မျှဝေကြနဲ့..ည ၁၂ နာရီတောင်ကျော်သွားခဲ့တယ်..ကျနော်ကိုယ်တိုင်..မွေးထုတ်ခွင့်ရတဲ့..Coach တွေအတွက် သူတို့ ဆက်လျှောက်မယ့် Coach Journey အတွက်. လမ်းကြောင်း တွေ.. ချပေးရင်း..အနာဂတ်ကို အတူတူဖန်တီးကြမယ်ဆိုပြီး..ပျော်နေခဲ့​တာနောက်နေ့..မနက်မှာတော့.. မနက်မိုးလင်းလို့ မျက်စိတွေ ပွင့်လာပေမယ့်..ကျနော်တို့အနာဂတ်တွေ..ပိတ်သွားခဲ့တယ်၃၁.ဇန်နဝါရီ…၂၀၂၁ ရဲ့နေ့ညဟာ..ပျော်ရွှင်မူတွေရဲ့.. နောက် ဆုံးညဖြစ်သွားမယ်လို့ကျနော်တို့..ဘယ်သိခဲ့ပမလဲသို့ပေမယ့်လဲပေါ့.. ခုချိန်မှာတော့..အမှောင်ထုက..ပိန်းပိတ်မနေတော့ပါဘူး..အလင်းရောင်တချို့.. ရောက်လာပါပြီတလောကလုံး..လင်းထိန်မဲ့နေ့အထိ..ကျနော်တို့.ကြံ့ကြံခံ.ဆက်လျှောက်ဖို့ပဲ..လိုတာပါမဝေးတော့တဲ့..အနာဂတ်ဆီ..မကြာမီ..ရောက်ပါတော့မယ်