No pain, No gain ဆိုတဲ့စကားပုံတကယ်မှန်ပါသလား

No Pain , No Gain ဆိုတဲ့ စကားပုံ တစ်ကယ်မှန်သလား?ဒီနေ့ Gym သွားရင်းနဲ့ Gym မွာ ကပ်ထားတဲ့ စာသားလေးကိုဖတ်ပြီး စိတ်ကူးပေါက်လို့ ဒီအကြောင်းအရာလေးကိုရေးဖြစ်ပါတယ်။ Gym မွာ ရေးထားတာကတော့ No Pain , No Gain တဲ့ မြန်မာလိုပြောရရင်တော့ အနာမခံရင် အသာမစံရဘူးတဲ့၊ ဒါကတော့ အားလုံးကြားဖူးတဲ့ စကားလုံးပါ ဒါပေမယ့် စဉ်းစားမိတာက အနာခံတိုင်းရာ အသာစံရဖို့သေချာပါသလား?အမှန်ကိုပြောရရင်တော့ မေသခ်ာပါဘူး။ စဉ်းစားကြည့်ပါ လူတစ်ယောက် ကြီးလေးတဲ့ ကျောက်တုန်းကြီးတတုံး ကို ချွေးတွေပြန်ပြီး နေ့ခင်းတစ်၀က်လောက် အချိန်ကုန်ခံပြီး လိမ့်နေပေမယ့် တစ်ရွေ့မှ မှမလိမ့်ဘူး ၊ တျခားလူ တစ်ယောက် ကလာပြီး ကုတ်တစ်ခုနဲ့ ကော်လိုက်တာ အဲဒီကျောက်တုံးလိမ့်ဖို့ ၂ စက္ကန့်ပဲ လိုပါတယ်၊ ဒီကိစ္စမှာ ပထမတစ်ယောက် ကျောက်တုံးကို တစ်နေကုန်လှိမ့်နေတာက pain ယူနေတာပါ ဒါပေမယ့် မ gain လိုက်ပါဘူး၊ နောက်တစ်ယောက်က တော့ မ pain လိုက်ပေမယ် gain သွားပါတယ်။ပြောချင်တာက တော့ Work Hard ဆိုတာထက် Work Smart ဖြစ်အောင်လုပ်ဖို့လိုပါတယ်။ မကြိုးစားနဲ့လို့ ပြောတာမဟုတ်ပါဘူး ၊ ထိရောက်တဲ့ ကြိုးစားမှု့မျိုးပဲလိုတာပါ။ တစ်ချို့သော လုပ်ဆောင်ချက်တွေဟာ ၂၀ ရာခိုင်နှုံးပဲလုပ်ဆောင်ပေမယ့် ၈၀ ရာခိုင်နှုံးပြီးမြောက်ပါတယ် ၊ တစ်ချို့ကတော့ ၈၀ ရာခိုင်နှုံးလုပ်ပေမယ့် ၂၀ ရာခိုင်နှုံးပဲပြီးမြောက်ပါတယ်။ ချစ်ချင်းများစွာဖြင့်Nyan Lin Aung Life and Success Coach