Reason vs Result

#အကြောင်းပြချက်တွေပဲပေးနေမလား ဒါ မှမဟုတ် ရလဒ်တွေပဲ ခ်ျပမလား Reasons Vs Results#လုပ်နိုင်တာတွေကို တွေးနေပြီးတော့ မလုပ်နိုင်တာတွေကို မေ့ထားကြမလားဒီနေ့ ဧည့်သည်နှစ်ဖွဲ့ တစ်ပြိုင်နက်ထဲ ဟိုတယ်တစ်လုံးထဲမှာတွေ့ဖြစ်ပါတယ် တစ်ခြားသောမြို့တွေမှာလဲ LM Travel Myanmar ရဲ့ စီစဉ်မှု့နဲ့ တခြားသောအဖွှဲ့တွေလဲ သွားနေကြပါတယ်။ ဒါဟာ ဧည့်သည်ပါးတဲ့နှစ် မိုးတွင်းကြီးမှာတောင် ကျွန်တော်တို့ ကုမ္ပဏီမှာ တိုးတွေရှိနေတယ်ဆိုတဲ့သဘောပါ။ ပြောရရင်တော့ ဧပရယ်ကတည်းက စပြီး အခုချိန်ထိအောင် တိုးမပျက်သလို လာမယ့် ဆောင်းရာသီအတွက်လဲ တိုးတစ်ချို့တွေလဲရှိနေပါပြီ။ ပြောချင်တာက ဘင်္ဂါလီအရေးကြောင့် တိုးတွေအလာနည်းတော့မယ်ဆိုတော့ အားလုံးက နိုင်ငံတကာ အသိုင်းအဝိုင်းကို ဆဲမလား ၊ ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ (ARSA) ကိုပဲဆဲမလား၊ Fake news တွေဖြန့်တဲ့ media တွေကိုဆဲမလား ဒါမှမဟုတ်အစိုးရကိုဆဲမလား၊ ဒါတွေပဲ စဉ်းစားခဲ့ မိတယ် ကျွန်တော်အပါအ၀င်ပါပဲ။ဒါပေမယ့် အဲဒီလိုဆဲနေတော့ ရော Tourism ကြီးကကောင်းလာမှာလား။ ကောင်းလာမှာဆိုရင်တော့ ကိုယ်တောင်၀ိုင်းဆဲသင့် ရင်ဆဲရမှာပဲ။ တကယ်တမ်းပြောရရင်တော့ဒါဟာ ဖြေရှင်းချက်မဟုတ်ပါဘူး။ ဒါဟာ တဒင်္ဂ ကိုယ့်စိတ်ကို ဖြေဖျောက်လိုက်တဲ့ သေဘာပါပဲ။ မနှစ် က သြဂုတ်လ ထဲ ရခိုင်ပြည်နယ်ထဲမှာ ဘင်္ဂလီအရေးဖြစ်လိုက်တော့ နိုင်ငံခြားသား၀င်ရောက်မှု့တွေတော်တော်နည်းသွားသလို ကျွန်တော်တို့ တစ်ချို့သော တိုးတွေလဲ cancel လုပ်သွားကြတော့ ကျွန်တော်လဲ တော်တော် စိတ်ညစ်ခဲ့ ရတယ်။ နောက်နှစ်တွေလဲဧည့်သည်တွေမ၀င်တော့ရင်တော့ ကျွန်တော်တို့တွေရပ်တည်နိုင်ဖို့ တော်တော်ခက်ခဲမှာပဲလို့ ထင်မိတယ်။ အဲဒီမွာ ကျွန်တော် Leadership သင်တန်း တွေ၊ Coaching သင်တန်းတွေ ၊Marketing , NLP သင်တန်းတွေတက်လိုက်တဲ့အချိန်မှာ ကျွန်တော်သိလာတာကတော့ နိုင်ငံတော်အတွက် ဧည့်သည်တွေအများကြီးလာအောင်မလုပ်ပေးနိုင်ပေမယ့် ကုမ္ပဏီ ရပ်တည်နိုင်ရေးအတွက်အဖြေတွေရလာခဲ့တယ်၊ ပြဿနာတိုင်းမှာလဲ အဖြေရှိတယ်ဆိုတာလဲ သိလာခဲ့ပါတယ် ။ အဲဒီအတိုင်းလိုက်လုပ်တဲ့ အခါResults တွေအများကြီးထွက်လာခဲ့ပါတယ်။ ကျွန်တော် လုပ်နိုင်တာတွေပဲစဉ်းစားတယ် လုပ်တယ်။ကျွန်တော်တို့ဟာလုပ်ငန်းတစ်ခုအောင်မြင်ချင်တယ်ဆိုရင် ဟိုလူ့ကြောင့်၊ဒီလူ့ကြောင့် ၊ဟိုလူမကောင်းလို့ ဒီလူကည့ံလို့ ဆိုတဲ့ Reasons( အကြောင်းပြချက်တွေ) ပဲပေးနေမလား Results (ကောင်းမွန်တဲ့ရလဒ်တွေ) ရ အောင်လုပ်မလား ဆိုတာစဉ်းစားဖို့လိုပါတယ် ။ နောက်တစ်ချက် ကကျွန်တော်တို့ဟာ မလုပ်နိုင်တာတွေ ပဲထိုင်စဉ်စားနေမယ်ဆိုရင်လုပ်နိုင်တာတွေလေးတောင်ပြောက်သွားမှာပါပဲ။ အဲဒိတော့ အကြောင်းဘက်မှာနေထိုင်ခြင်းဟာ အကျိုးဘက်မှာ နေထိုင်ခြင်းထက် ပိုပြီအောင်မြင်မှု့ရရှိဖို့လွယ်ပါတယ် Cause Vs Effect ပေါ့။တစ်ချို့သောသူတွေဟာ အကြိုးဖက်မှာပဲ နေပြီးဒေါက်ရှောက် စိတ်ညစ်နေတက်ကြပါတယ် ဒါပေမယ့်အကြောင်းဘက်ကိုပြောင်းပြီးနေဖို့တော့မစဉ်းစားမိပါဘူး။ အားလုံးသိတဲ့ အတိုင်းပဲ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုရင် SWOT Analysis ကို ကောင်းကောင်းနားလည်ဖို့လိုပါတယ်။Strength ကိုယ့်ရဲ့လုပ်ငန်းရဲ့ အားသာချက်ကဘာတွေရှိလဲ ရှိတဲ့အားသာချက်တွေကို ဘယ်လိုပိုပြီး အားကောင်းအောင်လုပ်မလဲ အဲဒီအားသာချက်တွေကို ဘယ်နေရာမှာ အသုံးချပြီး ကိုယ့်ရဲ့ အောင်မြင်မှု့ဆီကိုသွားမလဲ ။ Weakness ကိုယ့်ရဲ့ အားနည်းချက်တွေကဘာတွေလဲ အဲဒီအားနည်းချက်တွေကို တဖြည်းဖြည်းလျော့နည်းအောင်ဘယ်လိုလုပ်လို့ရမလဲ အားနည်းချက်တွေကို အားသာချက်ဖြစ် အောင် ဘယ်လိုစဉ်းစားလုပ်ဆောင်ရမလဲဆိုတာစဉ်စားဖို့လိုပါတယ်။ Opportunity ကိုယ့်လုပ်ငန်းလုပ်အောင်မြင်ဖို့အတွက် အခွှင့်အလမ်းတွေကဘာတွေလဲ။ Threat အဲဒီအောင်မြင်မှု့တွေဆီသွားဖို့ ခြိမ်းခြောက်မှု့တွေကဘာတွေရှိလဲ ဆိုတာစဉ်းစား ရပါမယ်။ S ( Strength အားသာချက်) နဲ့ W ( Weakness အားနည်းချက်) တွေက ကိုယ့် ရဲ့ ကိုယ်တွင်း သို့မဟုတ်အဖွဲ့ အစည်းတစ်ခုတဲ့ကလာတာဖြစ်ပြီး။ O ( opportunity အခွှင့်အလမ်း) နဲ့ T ( Threat ခြိမ်းခြောက်မှု့တွေ) ကတော့ ပြင်ပကလာတာဖြစ်ပါတယ်။ S နဲ့ W ကတော့ အောက်ပါအချက်တွေကို အခြေခံပြီးတော့ လုပ်ဆောင်ရပါမယ်။Competitive Rivalry : ကိုယ့်ရဲ့အဓိကပြိုင်ဘက်တွေကဘယ်သူတွေလဲ? သူတို့ကို ဘယ်လိုကျော်တက်ရမလဲ?Power of supplier ကိုယ့်ကို supply လုပ်ပေးနေတဲ့သူတွေက ကိုအပေါ်မှာဘယ်လိုလွှမ်းမိုးနေလဲ ။ ဈေး များနေတာ ၀န်ဆောင်မှု့ ည့ံနေတာ စတာတွေပေါ့။ ကိုယ့်ကို supply လုပ်နေတဲ့သူတွေကလဲကိုဖောက်သယ်တွေကိုလုသွားတက်ပါတယ်။ Buyer power ကိုယ့်စီက၀ယ်ယူတွေဟာ ကိုယ့် အပေါ်မှာ ဘယ်လောက် လွှမ်းမိုးနေသလဲ ဥပမာ နိုင်ငံခြားအေးဂျင့် တစ္ခုကေန ကိုယ့်စီကနေတိုးတွေ၀ယ်ပြီး သူ့ဖောက်တွေကိုပြန်ရောင်းနေပေမယ့်နောက်ဖောက်သည်များလာတဲ့အခါ သူ့တို့ကိုယ်တိုင် ဒီမွာ အေးဂျင့်လာထောင်တာတို့ဘာတို့ပေါ.။Threat of Subsitution ကိုယ့်ရဲ့ product တို့ service တို့ကို အစားထိုးလာမဲ့ အရာတွေရဲ့ခြိမ်းခြောက်မှု့၊ ဥပမာ ကိုယ်ကနေရတနေရာမှာ ရေသန့်ရောင်းတယ် ကိုယ့်ဘေးမှာ ဆိုင်တစ်ဆိုင်က အအေးရောင်းတယ်ဆိုပါစို့ ဖောက်သည်တွေဟာ ရေဆာတဲ့အခါ ရေမသောက်ပဲ အချိုရေပဲသောက်လိုက်မယ်ဆိုရင် ကိုယ့်ဆိုင်အနေနဲ့ ရေ ရောင်းချရမှု့ကြဆင်းနိုင်ပါတယ်။ Digital Camera တွေပေါ်လာတဲ့အခါ Fujil film တို့ Kodak film တို့ပျောက်ကွယ်သွားသလိုပေါ့။New Entry ကိုယ့်လုပ်ငန်းနည်းတူ လုပ်ငန်းတွေ အသစ်၀င်ရောက်လာမှု့ ၊ ကိုယ်ကသူတို့ကဘာတွေနဲ့ ဘယ်လိုအမြဲအသာစီးရအောင်လုပ်နေရမလဲစဉ်းစားထားရပါမယ်။ O နဲ့ T ကတော့ အောက်ပါအချက်တွေကို အခြေခံပါတယ်။ P Politic နိုင်ငံရေးE Economic စီးပွားရေးT Teachonology နည်းပညာ E- Everonmental ပတ်၀န်းကျင်အခြေအနေL- Legal ဥပေဒအဲဒီတော့ကိုယ်ပြောင်းလဲလို့မရတာတွေကိုပဲထိုင်စဉ်းစားနေမလား ပြောင်းလဲလို့ ရတာတွေကို အခုပဲပြောင်းလဲတော့မလားစဉ်းစားပါ။ ကိုယ်မသိတာတွေ မရှိတာတွေ မလုပ်နိုင်တာတွေကိုပဲ Focus ထားမေနပဲ ကိုယ်လုပ်နိုင်တာ ရွိတာ သိတာတွေကိုပဲ Focus ထားပါလို့ အကြံပြုလိုပါတယ်။Nyan Lin Aung Professional business and marketing coach