Soft skill နဲ့ Hard skill ဘာကွာလဲ

Soft skills ဆိုတာဘာလဲ?Soft Skills ဆိုတာဟာ လူတွေအကြောင်းကို ကောင်းကောင်းသိခြင်း ၊ လူတွေနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာ သိခြင်း ၊ လူ၀င်ဆန့်အောင်ကြိုးစားနိုင်ခြင်း ၊ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ခြင်း ၊ အကျင့်စာရိတ္တကောင်းမွန်ခြင်း ၊ စိတ်ခံစားမှု့ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်း စတာတွေကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ Hard Skills ဆိုတာဘာလဲ?Hard Skills ဆိုတာဟာ သင်ယူတတ်မြောက်ထားတဲ့ တိုင်းထွာလို့ရနိုင်တဲ့ တက်ကျွမ်းတဲ့ ပညာရပ် ၊ အလုပ်ခွင်၀င်ရောက် နိုင်လောက်အောင် ကျွမ်းကျင်မှု့တစ်ခုဖြစ်ပါတယ်။ Soft skills နဲ့ Hard skills နဲ့ ဘာကြာလဲ?Hard skills က တိုင်းထွာလို့ရနိုင်တဲ့ ကျွမ်းကျင်မှု့တွေပဲဖြစ်ပါတယ် ဥပမာ ကွန်ပျူတာကျွမ်းကျင်တာ ၊ အင်္ဂလိပ်စာ ကျွမ်းကျင်တာ၊ စာရင်းကိုင်ပညာရပ်မှာကျွမ်းကျင်တာတို့ စသည်တို့ပဲဖြစ်ပါတယ်။Soft Skills ကတော့ ကိုယ်ရည်ကိုယ်သွေးပါ ၊ ကိုယ်တက်ထားတဲ့ ပညာရပ်တွေကို ဈေးကွက်၀င်လာအောင် ၀န်ထမ်းကောင်းတစ်ယောက်ဖြစ်လာအောင် ၊ အလုပ်ရှင်ကောင်းတစ်ယောက်ဖြစ်လာအောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းပေါ့ ၊ ဥပမာ လူတွေနဲ့ အတူတူ အဆင်ပြေစွာ ယှဉ်တွဲနေထိုင်နိုင်ခြင်း ၊ မိမိအကြောင်းကောင်းမွန်စွာသိရှိခြင်း ( ကိုယ်ဟာ ဘယ်နေရာတွေမှာတော်လဲဘယ်နေရာတွေမှာကြိုးစားဖို့လိုလဲ) ဆက်ဆံရေးကောင်းမွန်ခြင်း ၊ ပြဿနတစ်ခုကို ကောင်းမွန်းစွာဖြေရှင်းနိုင်ခြင်းပူးပေါင်းလုပ်ဆောင်နိုင်ခြင်း၊ နားထောင်နိုင်မှု့စွမ်းရည်မြင့်မားခြင်း၊ ခေါင်းဆောင်မှု့ပညာကျွမ်းကျင်ခြင်းစာတာတွေဖြစ်ပါတယ်။ ယနေ့ခေတ်လူငယ်တွေ ဘာလို့ Soft Skills ကောင်းဖို့လိုအပ်လဲ?ယနေ့ခေတ်လုပ်ငန်းရှင်တွေဟာ ၀န်ထမ်းတွေရွေးချယ်တဲ့ အခါ Hard skills နဲ့ Soft skills နှစ်ခုစလုံးကျွမ်းကျင်တဲ့ လူတွေကို ရွေးချယ်လေ့ရှိပါတယ်။ Hard skills နဲနဲ အားနည်းရင်တောင် Soft skills အားကောင်းနေရင် ဦးစားပေးရွေးချယ်လေ့ရှိပေမယ့် Soft Skills အရမ်းအားနည်းနေတဲ့ သူတွေကို ရွေးချယ်လေ့မရှိပါဘူး။ ကျွန်တော်ကိုယ်တိုင် အလုပ်မှာ ၀န်ထမ်းတွေလိုအပ်လို့ Interview လုပ်တဲ့ အခါ Soft skills ကောင်းတဲ့ လူတွေကို ပဲ ဦးစားပေးရွေချယ်ပါတယ်။ Soft skills အရမ်းအားကောင်းတဲ့ လူတွေဟာနေရာတိုင်းမှာ သူတို့အတွက် အခွှင့်အလမ်းတွေနဲ့ ပြည့်၀နေတတ် ပါတယ်။ အဲလိုပြောလိုက်လို့ Hard Skills ကောင်းဖို့ ကြိုးစားစရာမလိုဘူးလို့ပြောချင်တာမဟုတ်ပါဘူး။ ကိုယ်ဟာ ကိုယ်ကျွမ်းကျင်တဲ့ အလုပ္တစ္ခုမွာ ဘယ်လောက်ပဲတော်နေပါစေ ၊ လူတွေနဲ့အတူယှဉ်တွဲပြီးမနေတတ် ၊ လူတွေရဲ့ စကားကို နားထောင်ဖို့ထက် ကိုယ် ဘာပြောရမလဲစဉ်းစားနေတာတို့ ၊ ပြဿနာတစ်ခုဖြစ်လာပြီဆို ရင် ဖြေရှင်းဖို့ ဆိုတာထက် ဘယ်သူ့ကို လက်ညှိုးထိုးရမလဲ စဉ်းစားနေတာတို့၊ရည်မှန်းချက်ပန်းတိုင်မရှိတာတို့ ၊ ကိုယ့်ရဲ့ Emotionကို မထိမ်းချုပ်နိုင်တာတု့ိ၊ လူတွေနဲ့ ဆက်ဆံရေးအားမကောင်းတာတို့၊အမြဲတမ်း ဆိုးမြင်တက်တဲ့ အကျင့်ရှိတာတို့ ၊ တတ်ကြွမှု့မရှိတာတို့ ၊ ခေါင်းဆောင်မှု့ပညာမတတ်တာတို့ ဆိုရင် ထင်ထားသလောက်ဘ၀မှာ မအောင်မြင်နိုင်ပါဘူး၊ ပညာပိုင်းဆိုင်ရာမှာ အရမ်းတော်ပါတယ်သို့သော် Soft skills မကျွမ်းကျင်တဲ့အခါ ရာထူးကြီးကြီးမရတာ ၊ ချမ်းသာဖို့ အခွှင့် အလမ်းအားနည်းနေတဲ့ လူတွေကို တစ်ချို့တွေ့ဖူးကျမှာ။Soft Skills ဟာ မွေးရာပါလား ဒါမှမဟုတ်လေ့ကျင့်လို့ရလား?လေ့ကျင့်ယူလို့ရပါတယ် ၊ Soft skills ကောင်းတဲ့သူတွေဟာများသောအားဖြင့် လေ့ကျင်ယူထားတဲ့လူတွေများပါတယ်၊ အလေ့အကျင့်တစ်ခုလုပ်သွားယုံပါပဲ ၊ အလေ့အကျင့်တစ်ခုဖြစ်သွားပြီဆို ဆက်တိုက်လုပ်သွားဖို့တော့လိုပါတယ် ၊ ကျွန်တော်တို့ တွေ လေ့လာခဲ့တဲ့ NLP ဘာသာရပ်ဆို Soft Skills ကောင်းမွန်ဖို့ အတွက် သက်သက်လေ့လာရတဲ့ ဘာသာရပ္တစ္ခုပါပဲ။ အနှစ်ချုပ်ပြောရရင်တော့ အောင်မြင်ချင်တဲ့ လူတစ်ယောက် Hard skills ရော Soft Skills ရော ကောင်အောင်ကြိုးစားကြဖို့ပါပဲ။ ကျွန်တော်တို့ Wholeness EQ and Family Solutions Company ( Child EQ Training Center) ကတော့ ဆယ်ကျော်သက်တွေ Soft Skills ကောင်းမွန်အောင် NLP ဘာသာရပ်ကိုအခြေခံပြီးတော့ သင်ကြားပေးပါတယ်။ Soft Skills ရော Hard Skills ရော ကျွမ်းကျင်ပြီး ဘ၀မှာအောင်မြင်တဲ့လူငယ်တွေဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ချစ်ခြင်းများစွာဖြင့်Nyan Lin Aung Teenager Coach