Branding ဆိုတာ …

Branding ဆိုတာ ကတိတည်နိုင်ခြင်းပဲ။ ဒီတော့ ကိုယ့်ရဲ့ Brand ကောင်းမွန်ဖို့ဆိုရင် ကိုယ်ပေးထားတဲ့ ကတိတည်နိုင်အောင် ကြိုးစားပါ …”

ကျရှုံးခြင်းကိုလည်း လေ့လာပါ …

အောင်မြင်ခြင်းအတွက် အချိန်ပေး စိတ်ကူးယဉ်နေမယ့်အစား ကျရှုံးခြင်းကို လေ့လာထားမယ်ဆိုရင် ကိုယ့်ရဲ့ပန်းတိုင်ကို အစောဆုံး ရောက်နိုင်ပါလိမ့်မယ် …”

အစွန်းမရောက်ပါစေနဲ့ လူငယ် ….

အတ္တနဲ့ မာနအပေါ်မှာ အစွန်းရောက်သွားရင် အောင်မြင်ပျော်ရွှင်မှုနဲ့ သာယာအေးချမ်းခြင်းတွေဟာ ကိုယ့်ဆီလာနေတဲ့ လမ်းတစ်ဝက်ကနေပဲ လှည့်ပြန်သွားကြလိမ့်မယ် …”

အေးဆေးကျော်ဖြတ်ပါ …

အခက်ခဲ ပြဿနာတွေ ကြုံတွေ့ရတဲ့ အခိုက်အတန့်မှာပဲ လူအများစုဟာ အဆုံးသတ်ပစ်လိုက်ကြတယ်။ ဒါဟာ အဆုံးသတ်မဟုတ်ဘူး အေးဆေးကျော်ဖြတ်ရမယ့် အရာပါ …”