လူတိုင်း အတူတူရကြပေမယ့် …

တစ်နေ့ ( ၂၄ ) နာရီ ရတာချင်းတူပေမယ့် မအောင်မြင်သေးတဲ့သူတွေက အချိန်တွေပိုပြီး အောင်မြင်ပြီးသားသူတွေက ဘာကြောင့် အချိန်တွေလိုနေတာလဲ။ ရှင်းပါတယ် … အောင်မြင်ပြီးသားသူတွေက သူတို့ဝါသနာပါတဲ့အလုပ်၊ သူတို့ပျော်တဲ့အလုပ်မှာပဲ နှစ်မြုပ်ထားလို့ပါ …”

ခံစားချက်တွေကို ဂရုစိုက်ပါ …

ပြဿနာတိုင်းမှာ အခွင့်အလမ်းတွေရှိပါတယ် ဒါပေမယ့် လူအများစုဟာ အဲ့ဒီပြဿနာအပေါ် ကိုယ့်ရဲ့ခံစားချက်တွေ ပေါင်းထည့်လိုက်တဲ့ကြတဲ့အခါ အခွင့်အလမ်းတွေ ပျောက်သွားပြီး ဒုက္ခအဖြစ် ပြောင်းလဲသွားတယ်။ ဒီအချက်ကို သတိကြီးကြီးထားပါ …။

ကိုယ့်ပတ်ဝန်းကျင်ကို ဆန်းစစ်ပါ …

ကိုယ်ကိုယ်တိုင် တန်ဖိုးရှိနေပါလျှက် မှားယွင်းတဲ့ ပတ်ဝန်းကျင်မှာရှိနေရင် ပျက်စီး ဆုံးရှုံးခြင်းက ကိုယ့်ဘဝကို ဝါးမြိုပစ်လိမ့်မယ် ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်စစ်ပါ …”

စိတ်ကို သန့်ရှင်းအောင်ထားပါ …

စိတ်သန့်မှ အမြင်သန့်မယ် အမြင်သန့်မှ အခွင့်အလမ်းဆိုတာကို တွေ့နိုင်မယ်။ ဘယ်အလုပ်မှာပဲဖြစ်ဖြစ် စိတ်သန့်သန့်ရှင်းရှင်း ဖြစ်နိုင်ဖို့ ကြိုးစားပါ …”