Blog

ဝင်ငွေတိုးပွားချင်ရင်…

အရသာကောင်းတဲ့ အစားအစာတစ်ခုဖန်တီးချင်ရင် ချက်နည်းပြုတ်နည်းကောင်းမှ ဖြစ်နိုင်မယ်။ ထို့အတူဘဲ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ပီး ဝင်ငွေတိုးပွားချင်တယ်ဆိုရင်တော့ နည်းလမ်းကောင်းတွေ သိထားမှရပါမယ်…. ဒီတော့ အချိန်မဆွဲဘဲ အခုဘဲ အကောင်အထည်ဖော်လိုက်ပါ လူငယ်။

ဝင်ငွေတိုးပွားချင်ရင်… Read More »

စွန့်လွှတ်သင့်တာကို စွန့်လွှတ်ပါ…

အကြောက်တရားဟာ အခွင့်လမ်းတွေကို ဖုံးကွယ်ထားတက်တဲ့ အစွမ်းရှိပါတယ်… ဒီအထဲကမှာ ကိုယ့်ကိုကိုယ် နာကျင်ပင်ပန်းရမယ်ဆိုတဲ့ အကြောက်တရားတွေရဲ့ နောက်ကွယ်မှာမှ အခွင့်အလမ်းတွေဟာ အများဆုံးရှိနေတာပါ… ဒီတော့ ပန်းတိုင်အတွက် ၊ အောင်မြင်မှုအတွက် အခွင့်အလမ်းတွေရနိုင်ဖို့ ဆိုရင်တော့ သက်တောင့်သက်သာဖြစ်ခြင်းကို စွန့်လွှတ်မှရနိုင်မယ်ဆိုတာ မမေ့ပါနဲ့ လူငယ်။

စွန့်လွှတ်သင့်တာကို စွန့်လွှတ်ပါ… Read More »

အောင်မြင်မှုကို ရယူနိုင်ဖို့…

လူတိုင်းလူတိုင်းမှာ အားနည်းချက်ဆိုတာ ရှိပါတယ်… အဲ့ဒီအားနည်းချက်ကို ထိုင်ကြည့်ပြီး စိတ်ဓာတ်ကျနေမယ်ဆိုရင်တော့ ကိုယ့်မှာရှိနေတဲ့ အစွမ်းအစတွေပါ ပျောက်ဆုံးသွားတတ်ပါတယ်… ဒီတော့ အားနည်းချက်တွေကို အားသာချက်အဖြစ်ပြောင်းလဲ ရှိနေတဲ့အစွမ်းအစတွေကို အသုံးပြုပြီး အောင်မြင်မှုတွေကို အခုပဲ ရယူဖို့ ကြိုးစားလိုက်ပါ လူငယ်။

အောင်မြင်မှုကို ရယူနိုင်ဖို့… Read More »

ငြီးငြူနေတုန်းပဲလား လူငယ်…

အခက်အခဲတွေကြားကနေ ငြီးငြူရင်း ကံကောင်းခြင်းတွေရဖို့ကို မျှော်လင့်ဆုတောင်းမနေပါနဲ့… ကြုံတွေ့နေရတဲ့ ပြဿနာအခက်အခဲတိုင်းကို ရဲရဲကြီး ရင်ဆိုင်ပါ..ကျော်ဖြတ်ပါ… ဒီအတိုင်းပဲ ရှောင်လွှားနေဦးမယ်ဆိုရင်တော့ ကိုယ့်ရဲ့အောင်မြင်မှုဟာ မမြင်နိုင်တဲ့ အဝေးဆုံးအရပ်မှာ ခြေစုံရပ်နေလိမ့်မယ် လူငယ်။

ငြီးငြူနေတုန်းပဲလား လူငယ်… Read More »

မေ့ပစ်သင့်တာတွေကို မေ့ပစ်ပါ…

လေးလံတဲ့ဝန်ထုတ်တွေ ထမ်းထားတယ့်သူဟာ လိုရာခရီးကိုမရောက်ခင် ခြေကုန်လက်ပန်းကျပြီး ဒုက္ခရောက်နိုင်သလို အတိတ်ကနာကျင်မှုတွေကို အခုပစ္စုပ္ပန်အထိ ယူဆောင်လာတဲ့လူဟာလည်း အနာဂတ်ခရီးရဲ့ အဆုံးပန်းတိုင်ထိ ရောက်နိုင်မှာမဟုတ်ပါဘူး ဒီတော့ အတိတ်ကနာကျင်မှုတွေကို မေ့ပစ်ခဲ့ပါတော့ လူငယ်။

မေ့ပစ်သင့်တာတွေကို မေ့ပစ်ပါ… Read More »

ပန်းတိုင်တစ်ခု ရှိဖို့ပါပဲ…

လက်ရှိဖြစ်ပျက်နေတဲ့ အခက်အခဲတွေကြောင့် စိတ်ဓာတ်မကျပါနဲ့ လူငယ်… ကျနော်တို့ရဲ့ ပန်းတိုင်ကို သွားဖို့ ရောက်နိုင်ဖို့ လမ်းပေါင်းများစွာရှိပါတယ်… အဓိကကတော့ သွားချင်တဲ့ ပန်းတိုင်တစ်ခုရှိဖို့ပါပဲ လူငယ်…

ပန်းတိုင်တစ်ခု ရှိဖို့ပါပဲ… Read More »