မိမိလုပ်ငန်းအောင် မြင်ဖို့လိုက်နာရမယ့်အချက်(၁၀)ချက်

#Apple_Company_ရဲ_Co_Founder_ဖြစ်တဲ့_Steve Jobs ပြောပြတဲ့ မိမိလုပ်ငန်းအောင်မြင်ဖို့အတွက် လိုက်နာရမည့် အချက် (၁၀) ချက်။Steve Jobs ဟာ ဒီဂျစ်တယ် လောကရဲ့ဖခင်လို့တောင် ပြောစမှတ်ပြုရမယ်. ပုဂိ္ဂုလ်တစ်ယောက်ပါ။ ကြီးကျယ်ခမ်းနားတဲ့ တီထွင်ကြံဆမှု့နဲ့ အလုံးစုံပြည့်စုံတဲ့ I-Devices များကို တည်ထွင်ထုတ်လုပ်နိုင်ခဲ့တဲ့ စွန့်ဦးတည်ထင်သူတစ်ယောက်ပါပဲ။ သူဟာ ၂၀၁၀ မွာ 8 billion dollars ကိုပိုင်ဆိုင်ခဲ့ပါတယ်။နည်းပညာလောကမှာတော့သူ့ထက်တော်တဲ့လူမရှိတော့ဘူးလို့ ဆိုရလောက်အောင်ထူးချွန်ပြောင်မြောက်တဲ့ လူတစ်ယောက်ပါပဲ။ နည်းပညာလောက နဲ့ မီဒီယာလောက ကိုကိုင်လှုပ်နိုင်ခဲ့တဲ့ Global Icon တစ်ယောက်ပါ။ သူ့ရဲ့ ထုတ်ကုန်တွေကို ကမ်ဘာပေါ်မှာရှိတဲ့ သန်းပေါင်းများစွာသောအသုံးပြုသူတွေက ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ သူ့ရဲ့ company ကို ကားဂိုတောင်လေးထဲမှာစတင်ခဲ့ပြီး အခုဆိုရင်တော့ သူ့ company ဟာ 742.8 Billon တောင်ပိုင်ဆိုင်နေပါပြီ။ သူဟာလွယ်ကူတဲ့ဘ၀တစ်ခုကိုဖြတ်သန်းခဲ့ရတာတော့မဟုတ်ပါဘူး။ သူပြောသွားတဲ့ မိမိလုပ်ငန်းအောင်မြင်ဖို့ အချက်၁၀ ချက်ကိုကြည့်လိုက်ရအောင်ပါ။၁။မိမိကိုယ်ကိုကန့်သတ်ထားတဲ့ဘ၀လေးထဲမှာပဲမနေပါနဲ့။တစ်ချို့လူတွေပြောကြပါတယ် ငါကတော့ အခုဘ၀လေးနဲ့ကျေနပ်တယ် တင်းတိမ်တယ် ရောင့်ရဲတယ်၊ ငါကတော့ ဘယ်လောက်ချမ်းသာရင်အလုပ်မလုပ်တော့ဘူး စသဖြင့်ပေါ့ ဒါဟာမှားယွင်းတယ်လို့ဆိုရမှာပါပဲ၊ အဲဒါကြောင့်မိမိကိုယ်ကို ဘယ်တော့မှကန့်သတ်မထားပါနဲ့ တက်နိုင်သလောက်ကြိုးစားနေပါ။၂။ မိမိလုပ်တဲ့ လုပ်ငန်းအပေါ်မှာချစ်မြတ်နိုးပါ။လူတွေအလုပ်လုပ်ရခြင်းအကြောင်းတရားက ၂ ခုပဲရှိပါတယ် အဲဒါကတော့ အကျိုးအမြတ်အတွက်နဲ့ မိမိအလုပ်ကိုချစ်မြတ်နိုး လို့ပါပဲ။ ပိုက်ဆံဘယ်လောက်ရရ မိမိလုပ်တဲ့အလုပ်ကို မချစ်မြတ်နိုးဘူးဆိုရင်ရေရှည်မခံနိုင်ပါဘူး။ ၃။ မိမိဘ၀ကို design ဆြဲထားပါ။ငါဟာ ဘယ်နေ့မှာဘယ်လိုဖြစ်ရမယ်၊ ငါ့ကို လူတွွေဟာ တစ်နေ့မှာ ဘယ်လိုမြင်စေရမယ်၊ငါဟာ ဘယ်လောက်အောင်မြင်ရမယ်ဆိုတာတွေသေချာ design ဆွဲထားဖို့လိုပါတယ်။ သူ့ဟာသူဖြစ်သွားမှာပါ၊ ဖြစ်ချင်ရာဖြစ်ကွာ၊ မဟုတ်လဲတစ်နေ့သေမှာပဲ ဆိုတဲ့ ဆင်ချေပေးတဲ့စကားတွေဟာ များသောအားဖြင့် အောင်မြင်ဖို့အတွက် အလုပ်မဖြစ်ပါဘူး။ ၄။ အရည်အသွေး ည့ံဖျင်းတဲ့ ၀န်ဆောင်မှု့ ၊ ထုတ်ကုန်တွေကို ဘယ်တော့မှမပေး၊ မရောင်းမိပါစေနဲ့။မိမိထုတ်ကုန်၀န်ဆောင်မှု့ကိုရောင်းတော့မယ်ဆိုရင်စဉ်းစားရမယ့်အချက်က မိမိထုတ်ကုန် (သု့ိ) ၀န်ဆာင်မှု့ကို ကိုယ်တိုင်ပြန်၀ယ်ကြည့်ပါ၊ သုံးကြည့်ပါ တန္လားမတန္ဘူးလား၊ပေးရတဲ့ငွေနဲ့ ရတဲ့ အကျိုးအမြတ်နဲ့တူညီရဲ့လား၊ တန်တယ်ဆိုရင် စတင်ရောင်းချပါ၊ မတန်ဘူးဆိုရင် အခုချက်ချင်းရပ်လိုက်ပါတော့။ မအောင်မြင်နိုင်ဘူးဆိုသေချာနေလို့ပါ။ ၅။ တော်တဲ့ဗိုလ်တစ်စုဖွဲ့စည်းပြီးအလုပ်လုပ်ပါ။အမြန်သွားချင်ရင် တစ်ယောက်ထဲသွားပါ ၊အောင်အောင်မြင်မြင်နဲ့ ရေရှည်သွားချင်းရင်တော့ အဖွဲ့လိုက်သွားပါဆိုတဲ့ဆိုရိုး စကားအတိုင်းပဲ အဖွဲ့တစ်ခုဖွ့ဲစည်းပြီးအလုပ်လုပ်ပါ။သူ့နေရာနဲ့သူတော်တဲ့သူတွေကိုစုထားဖို့လိုပါတယ်ဒါမှကိုယ်မသိတဲ့အရာတွေကိုသူတို့ဆီကလေ့လာပြီးအောင်မြင်အောင်ကြိုးစားသွားလို့ရတာပေါ့။ ၆။ ငွေရဖို့တစ်ခုတည်းအလုပ်မလုပ်ပါနဲ့။ငွေတစ်ခုတည်းအတွက်အလုပ်လုပ်နေခြင်းဟာ ငွေမရတော့တဲ့တစ်နေ့ဒီအလုပ်ကိုစွန့်ခွာသွားတော့မယ်ဆိုတ့ဲသဘောပါပဲ။ရေရှည်ဖို့မလွယ်တော့ပါ ဘူးရေရှည်မခံတဲ့စီးပွားရေးဟာမအောင်မြင်တဲ့စီးပွားရေးလို့ပြောလို့ရပါတယ်။၇။ ကိုယ့်ရဲ့ ထုတ်ကုန်အပေါ်မှာအမြဲတမ်းဂုဏ်ယူပါ။ ကိုယ့်ရဲ့ထုတ်ကုန်တွေက သုံးဆွဲသူတွေကို ဘယ်လိုကောင်းကျိုးပြုတယ်၊ဘယ်လောက်အထိသူတို့ဘ၀တွေပြောင်းလဲပေးတယ်၊ဘယ်လိုအကျိုးအမြတ်တွေရသွားတယ်ဆိုတာကို အမြဲတမ်းဂုဏ်ယူနေရပါမယ်။ ဂုဏ်ယူစရာမကောင်းတဲ့ အလုပ် တရားမမျှတတဲ့ ထုတ်ကုန်တွေထုတ်ရောင်းနေတယ်ဆိုရင်အခုပဲရပ်လိုက်ဖို့တိုက်တွန်းပါရစေ။ ဥပမာ မူးရစ်ဆေးဝါးရောင်းတာတို့ ၊ တခြားသော လူတွေကိုအကျိုးယုတ် ၊ သဘာ၀ပါတ်၀န်းကျင်ကိုအကျိုးယုတ်စေမယ့်ပစ္စည်းများပါ။၈။ ဖောက်သည်ကို အခြေပြုတဲ့ ထုတ်ကုန်ထုတ်လုပ်ပါ။ကိုယ်ကသဘောကျတဲ့ ထုတ်ကုန်ဖြစ်ပေမယ့် ဖောက်သည်တွေမကြိုက်တဲ့ထုတ်ကုန်တွေပဲရောင်းနေမယ်ဆိုမအောင်မြင်နိုင်ပါဘူး။အဲဒီတော့ဖောက်သည်တွေကိုအမြဲတမ်းကိုယ့်ထုတ်ကုန်ကောင်းမကောင်းမေးမြန်းပါ၊သူတို့ရဲ့အကြံညဏ်တွေရယူပါ။ရရှိလာတဲ့အကြံအညဏ်များကိုအသုံးချပြီး ပိုမိုကောင်းမွန်တဲ့ထုတ်ကုန်များကို ထုတ်လုပ်ပါ။၉။ အရည်သွေးကောင်းပြီး တန်ဖိုးထားစရာကောင်းတဲ့ ထုတ်ကုန်တွေကိုတွေကိုထုတ်လုပ်ပြီး ဈေးကွက်ရှာဖွေပါ။ကိုယ့်ရဲ့ထုတ်ကုန်ဟာ တန်ဖိုးထားစရာကောင်းတယ်ဆိုရင် ဖောက်သည်တွေဟာတစ်နေ့တခြားများလာဖို့ပဲရှိပါတယ်နည်းသွားဖို့မရှိတာကတော့အမှန်ပါပဲ၊တစ်ချု့ိထုတ်ကုန်တွေဆိုရင်ကြော်ငြာစရိတ်တွေကျအများကြီးသုံးထားပေမယ့်ပစ္စည်းအရည်သွေးကိုတော့နှိမ့်ထားတာတွေတွေ့နေရပါတယ်။၁၀။ အမြဲတမ်း ဆာလောင်မှု့ ၊ ရူးသွပ်မှု့ တွေနဲ့ဘ၀ကိုနေထိုင်ပါ။တစ်နေ့တာကုန်ဆုံးသွားရင် ဒီနေ့ငါဘာတွေရလိုက်သလဲ အမြဲဆိုတာအမြဲတမ်းစဉ်းစားပါ ၊ ဘာတွေရနိုင်မလဲ နေ့တိုင်းရှာဖွေနေပါ။အရာအားလုံးပြီးပြည့်စုံတဲ့ လူဆိုတာလောကမှာမရွိပါဘူး အဲဒီတော့အမြဲတမ်း လေ့လာပါ သင်ယူပါ။Nyan Lin Aung Professional Business Coach