unlockyourfutures

ဝေဖန်မှုတွေကို ဂရုမစိုက်ပါနဲ့

ဒီနေ့တော့ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး ကမ်ဘာ့ ၁၈ ယောက်မြောက် အချမ်းသားဆုံး alibaba.com ရဲ့ CEO Jack Ma ပြောတဲ့ အောင်မြင်ချမ်းသာနည်း ၁၀ ချက်ကိုမျှဝေချင်ပါတယ်။၁. ငြင်းပယ်မှု့များနဲ့ အကျွမ်းတဝင်ရှိပါ။ ဆိုလိုတာက လောကြီးမှာ ကိုယ်လုပ်တာကိုသဘောကျတဲ့လူရှိသလို သဘောမကျတဲ့လူလဲရှိမှာပဲ ဒါကြောင့်မို့လို့ သဘောမကျတဲ့လူတွေရဲ့ငြင်းပယ်မှု.ကိုခံရရင်စိတ်ပျက်သွားပြီး ငါလုပ်တာမှားနေပြီဆိုပြီးတော့ မရပ်တန့်လိုက်ဖို့ပါပဲ။ ဂျက်မားဆိုရင် တက္ကသိုလ် ဝင်ခွှင့် ၂ကြိမ်ကျတယ်၊ အလုပ်လျှောက်တာအကြိမ် ၃၀ လုံးငြင်းပယ် ခံရတယ် KFC တရုတ်ပြည်လာတော့ ဝန်ထမ်းခေါ်တယ်သူဝင်လျှောက်တယ် ၂၄ ယောက် လျှောက်တာ ၂၃ ယောက်အလုပ်ရတယ် သူတစ်ယောက်ပဲ အငြင်းပယ်ခံရတယ်၊ ရဲလုပ်ချင်လို့ ဝင်လျှောက်တယ် အငြင်းပယ်ခံခဲ့ရတယ်၊ Harvard တက္ကကိုလ်ဝင်ခွှင့်လျှောက်တယ် ၁၀ ကြိမ်လုံးအငြင်းပယ်ခံရတယ်။ သူသာစိတ်ပျက်ပြီးဆက်မကြိုစားတော့ဘူးဆိုရင် ဒီအချိန်မှာသူဌေးကြီးဖြစ်လာစရာအကြောင်းမရှိပါဘူး။ ၂. ကိုယ့်စိတ်ကူးအိမ်မက်တွေကိုအမြဲရှင်သန်နေပါစေဘာပြုလို့လဲဆိုတော့ […]

ဝေဖန်မှုတွေကို ဂရုမစိုက်ပါနဲ့ Read More »

လူတွေကိုသူတို့အကြောင်းကောင်းကောင်းမသိပဲမဝေဖန်ပါနဲ့

လူတွေကိုသူတို့အကြောင်းကောင်းကောင်းမသိပဲနဲ့ မဝေဖန်ပါနဲ့ @@@@@@@@@@@@@@@@@@@@@@ သူငယ်တန်းကလေးတွေကို သင်္ချာသင်တဲ့ ဆရာမတစ်ယောက်ဟာ မောင်မောင်ဆိုတဲ့ အတန်းထဲကကောင်လေးကို သင်္ချာနဲ့ပတ်သတ်တဲ့မေခွန်းတစ်ခုကို မေးလိုက်တယ်၊ သားကို ဆရာမက ငှက်ပြောသီး ၃ လုံး ၂ ကြိမ်ပေးမယ်ဆိုရင် သားမှာ ငှက်ပြောသီး ဘယ်နှစ်လုံးရှိမလဲလို့ မေးလိုက်တဲ့၊ အခါ သူကကျွန်တော့ဆီမှာ ၇ လုံးရှိမယ်လို့ ပြောတယ်။ ဒါဟာမှားနေတယ်ပေါ့၊ ဒါနဲ့ ဆရာမက သင်္ချာမရသေးလူးလို့ထင်လိုက်တယ် ။ ဒါနဲ့ ဆရာမလဲ သူ့အမေပြောဖူးတဲ့ သူ့သားအကြောင်းကို သတိရလိုက်တယ် သူ့သားက သရက်သီးကြိုက်တယ်တဲ့ အသီးနာမည်ပြောင်းမေးလိုက်တယ် သားကို သရက်သီး ၃ လုံး နှစ်ကြိမ်ပေးမယ်ဆိုရင်ရောလို့ မေးကြည့်တော့ ၆ လုံးပေါ့လို့ ပြန်ပြောတယ် ။ သားက ငှက်ပြောသီး ၃ လုံးနှစ် ကြိမ်ပေးမယ်ဆိုတုန်းကတော့ သားဆီမှာ

လူတွေကိုသူတို့အကြောင်းကောင်းကောင်းမသိပဲမဝေဖန်ပါနဲ့ Read More »

စိတ်ကူးတွေပေါင်းစပ်ပြီးကြိုးစားသွားရင်ဘာမဆိုဖြစ်လာမှာပါ

ကမ်ဘာ့ အချမ်းသာဆုံး စာရင်း၀င် TESLA , Paypal နဲ့ SpaceX ကိုတည်ထောင်ထားတဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင် Elon Musk အကြောင်းကိုပြောပြချင်ပါတယ်။ လူတွေမှာ ရည်မှန်းချက်ကိုယ်စီရှိကြပါတယ် တစ်ချို့ကလဲ ဖြစ်နိုင်ဖို့ခက်ခဲတဲ့အရာတွေကိုပဲရည်ရွယ်ချက်ကြီးကြီးနဲ့အောင်မြင်လုပ်ချင်ကြပါတယ် ၊ အဲဒီအထဲမွာ တောင်အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား Elon Musk တစယောက်အပါ၀င်ပါပဲ ။ သူကို့ ဇြန္လ ၂၈ ရက်နေ့ ၁၉၇၁ ခုနှစ် တောင်အာဖရိကမှာမွေးဖွားခဲ့ပါတယ် သူအသက်၁၀ နှစ်သားအရွယ်မှာ သူ့ရဲ့ မိခင်နဲ့ ဖခင်ဟာလမ်းခွဲခဲ့ကြပါတယ်၊ ဘ၀ကို မဆုတ်မနစ်ကြိုးစားရင်း သူဟာ အသက်နှစ်ဆယ်အရွယ်မှာပဲ မီလျံနာဖြစ်လာခဲ့ပါတယ်။ သူဟာငယ်ငယ်ကတည်းက ထက်မြတ်တဲ့လူငယ်ဖြစ်ပြီးတော့ စာတအားဖတ်ပါတယ်။ ငယ်ငယ်တုန်းကဆို သူဟာအမှောင်ကြောက်တတ်ပြီး ညတိုင်ဆိုကြယ်တွေကို ငေးကြည့်နေတတ်ပါတယ်။ ပြီးတော့ အဲဒီနေရာတွေကိုသွားဖို့ စိတ်ကူးရှိခဲ့ပါတယ်။ အသက်၁၇ နှစ်အရွယ်မှာလူတိုင်း စစ်မှု့ထမ်းဆောင်ဖို့

စိတ်ကူးတွေပေါင်းစပ်ပြီးကြိုးစားသွားရင်ဘာမဆိုဖြစ်လာမှာပါ Read More »

ကိုယ်ဟာအရှုံးသမားတစ်ယောက် မဟုတ်ပါဘူး

ဇွန်လ ၈ ရက်နေ့မှာ Anthony Bourdain, ကမ္ဘာ့အကျော်ကြားဆုံး အမေရိကန်နိုင်ငံသား စားဖိုမှူး၊စာရေးဆရာ၊ အစားအသောက်နဲ့ပတ်သတ်ပြီး ခရီးသွားအစီအစဉ်တွေကို CNN သတင်းဌာနမှာတင်ဆက်နေတဲ့ ကမ္ဘာကျော်တစ်ယောက်ဟာပြင်သစ်နိုင်ငံမှာ တီဗီစီးရီး တစ်ခုရိုက်နေရင်း ဟိုတယ်အခန်းထဲမှာမိမိကိုယ်ကို ကြိုးဆွဲချပြီး သတ်သေခဲ့ပါတယ် ၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ သူ့ပရိတ်သတ်တွေဟာ အကြီးအကျယ် ဝမ်းနည်းပူဆွေးခဲ့ကြပါတယ်။ သူဟာ၂၀၁၃ ခုနှစ်မှာလဲ မြန်မာနိုင်ငံ တီဗီအစီအစဉ် တစ်ခုအတွက်နဲ့လာရောက်ခဲ့ဖူးပါတယ် ဆရာ စံဇာနည်ဗိုလ် ကိုယ်တိုင် လိုက်လံပြီးမြန်မာပြည်အကြောင်းလိုက်ရှင်းပြတာတွေ့ခဲ့ဖူးပါတယ်။ ကျွန်တော့အမြင်ပြောရရင်တော့ သူဟာ လူချစ်လူခင်ပေါများတဲ့သူ ကမ္ဘာကျော်တဲ့သူ အောင်မြင်ပြီးပျော်ရွှင်စရာကောင်းတဲ့ လူအဖြစ်နဲ့မြင်မိတယ်။ ငွေရေးကြေးရေးပဲကြည့်ကြည့် ကျော်ကြားမှု့ပဲကြည့်ကြည့် အားလုံးအဆင်ပြေသလို သာယာတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ် ။ သူဟာ ဘာလို့များ မိမိကိုယ်ကိုသတ်သေသွားသလဲဆိုတာကတော့ ပ‌ဟေဠိတစ်ခုပါဘဲ၊ တစ်ချို့ကတော့ သူဟာ depression (စိတ်ဓါတ်ကျတဲ့ရောဂါ) ဝင်ပြီး ကိုယ့်ကိုကို အဆုံးစီရင်သွားခဲ့တာလို့ပြောကြပါတယ်။

ကိုယ်ဟာအရှုံးသမားတစ်ယောက် မဟုတ်ပါဘူး Read More »

ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုရောက်ဖို့

အကြီးအကျယ်အောင်မြင်နေတဲ့ လူတွေနဲ့ မအောင်မြင်တဲ့သူတွေကြားကကွာခြားချက်က ကို့ကိုယ်ကို ကန့်သတ်ထားတဲ့အတွေးတွေပါပဲ။ ငါဟာ ဒါမလုပ်နိုင်ဘူး ဟိုဟာ မလုပ်နိုင်ဘူး ဆိုတဲ့ ကိုယ့်ကိုကို ကန့်သတ်တဲ့အတွေးတွေရှိလာပြီဆိုရင်ဒါဟာ ကို့ကိုယ်ကို စပြီး ဒုက္ခပေးလိုက်တာပါပဲ။ ဆင်ခြေတွေပေးလာတော့မယ်၊ကို့ကိုယ်ကိုမလုပ်နိုင်တော့ဘူးလို့ သတ်မှတ်လိုက်် ပြီး စိတ်ပျက် လက်ပျက်နဲ့ ကိုဖြစ်ချင်တဲ့လိုချင်တဲ့အရာတွေကို မကြိုးစားတော့ပဲ နေလိုက်တော့တာပါပဲ၊ဒီအတွေးတွေဟာ ရောက်ချင်တဲ့ပန်းတိုင်ကိုတားဆီးနေတဲ့အရာတွေပါပဲ၊ ဒီလိုကို့ကိုယ်ကိုကန့်သတ်တဲ့အတွေးခေါ်တွေကိုကျော်လွှားနိုင်မဲ့ နည်းလမ်းတွေကိုပြောပြချင်ပါတယ်၊၁.ကိုယ့်ကိုတားဆီးနေတဲ့ ပထမဆုံး အဆင့်ကဘာဖြစ်မလဲ၊ ဆိုတာစဉ်းစား ဖော်ထုတ်ဖို့လိုပါ တယ်။ ကိုယ်တိုင် မေးကြည့်ပါ ငါရောက်လိုတဲ့ နေရာ ၊ ငါဖြစ်ချင်တဲ့ပန်းတိုင်ကို မရောက်အောင်တားဆီးနေတဲ့ ပထမဆုံးချေလှမ်းကဘာတွေဖြစ်မလဲပေါ့။ဒီမေးခွန်းကိုဖြေနိုင်ပြီဆိုရင် ကိုသွားလိုတဲ့ နေရာကို တားဆီးထားတဲ့အကြောင်းအရာတွေကိုကျော်ဖြတ်ပြီး ရောက်နိုင်အောင် ကြိုးစားလုပ်ဆောင်သွားတော့မှာပါ။၂.ဘယ်လိုမှဖျက်ဆီးလို့မရတဲ့ကိုယ့်ကိုကိုယ်ယုံကြည်မှူကို တိုးတက်လာအောင်လုပ်ဆောင်ပါ။ ကို့ကိုယ်ကို ယုံကြည်မူ ရအောင်တည်ဆောက်မယ်ဆိုရင် ကိုဖြစ်ချင်ရောက်ချင်တဲ့ ပန်းတိုင်ကို အာရုံစိုက်လုပ်ဆောင်တတ်တဲ့ဥပဒေသလိုအပ်ပါတယ်။ပြော ချင်တာက ဖြစ်ချင်တဲ့ အကြောင်းအရာတစ်ခုကိုများများတွေးလေ ကိုယ့်ရဲ့

ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ Read More »

မိမိကိုယ်ကိုယုံကြည်မှုရှိလာစေရန်ဆောက်ရွက်ရမည့်အချက်များ

မိမိကိုယ်ကို ယုံကြည်မှု့ရှိလာစေရန်ဆောင်ရွက်ရမည့် အချက်များ########ကိုယ့်ရဲ့ စိတ်ကူးအိမ်မက်တွေကို အကောင်ထည်ဖော်ပြီး အောင်မြင်ဖို့ အတွက် အဟန့်အတား ၂ ချက်ပဲရှိပါတယ် အဲဒါကတော့ ကျဆုံးမှု့ကိုကြောက်ရွ့ံခြင်းနဲ့၊ ကိုယ့်ကိုကို ယုံကြည်မှု့မရှိခြင်းပါပဲ။ လူတွေအနဲနဲ့အများဟာ ဒီနှစ်ခုကိုရင်ဆိုင်နေကြရပါတယ်။ ကျွန်တော်တို့ ဒါတွေကိုဘယ်လိုကျော်ဖြတ်ကြမလဲ။ ကိုယ့်ကိုကို ယုံကြည်မှု့အပြည့်ရှိသွားပြီဆိုရင်တော့ အောင်မြင်ဖို့ လမ်းကြောင်းပေါ်ရောက်သွားပါပြီ။ မိမိကိုယ်မိမိ ယုံကြည်မှု့ရှိလာအောင်အောက်ပါနည်းလမ်းတွေပြောပြချင်ပါတယ်။ ၁ ။ အမြဲတမ်းသပ်သပ်ရပ်ရပ် နေပါ။နုတ်ခမ်းမွှေးမှန်မှန်ရိပ်ပါ ရေမှန်မှန်ချိုးပါ ကိုယ့် ခန္ဓာကိုယ်ကို အန့ံအသက်ကင်းအောင်နေပါ ဒါဆိုရင်ကိုယ်ဟာ တစ်နေကုန်လမ်းဆန်းနေပြီး ယုံကြည်မှု့တွေရှိနေမှာပါ။၂ ။ သပ်သပ်ရပ်ရပ်၀တ်ဆင်ပါ။ အကောင်းစားအ၀တ်အစားတွေကိုအမြဲတမ်း၀တ်ဆင်နေဖို့ပြောတာမဟုတ်ပါဘူး။ ရှိတာလေးနဲ့လှအောင်၀တ်ပါ အဲဒါဆိုရင် ကိုယ်ဟာနေရထိုင်ရတာအဆင်ပြေနေသလို ကိုယ့်ကိုကိုအောင်မမြင်နေတဲ့ လူတစ်ယောက်လို့ခံစားရမှာပါ။ ၃ ။ ကိုယ်ဟာခန့်ညားလှပတဲ့ လူတစ်ယောက်စိတ်ထဲမှာအမြဲတမ်းမှတ်ယူထားပါ။ ဒါဟာအရမ်းအရေးကြီးပါတယ် ငါဟာလှပချောမောလွန်းသူပဲလို့ အချိန်ပြည့်စိတ်ကြီး၀င်နေဖို့ပြောလိုတာမဟုတ်ပါဘူး လူတွေဟာကိုယ့်ကိုကို ဘယ်လိုပုံလဲဆိုတာအမြဲတမ်း စိတ်ထဲမှာပုံဖော်ထားပါတယ် ကိုဟာသိပ်ပြီးတော့သပ်ရပ်တယ် ချောမောတယ်

မိမိကိုယ်ကိုယုံကြည်မှုရှိလာစေရန်ဆောက်ရွက်ရမည့်အချက်များ Read More »